Connect with us

WORLD

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ပေးအပ်ကူညီသော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများ ဂါနာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ပေးအပ်ကူညီသော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများ ဂါနာနိုင်ငံ အက်ခရာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၆ ရက်နေ့က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အက်ခရာ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အာဖရိကတိုက် ၁၈ နိုင်ငံသို့ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများသည် ဧပြီ ၆ ရက်တွင် ဂါနာနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပစ္စည်းများမှာ  အသက်ရှူစက်၊ N95 နှာခေါင်းစည်း၊ ရောဂါ ကာကွယ်ရေးဝတ်စုံ ၊ လက်အိတ်စသည့် ဆေးကုသရာတွင် အသုံးပြုသော ပစ္စည်းများနှင့်ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်ပြီး ၎င်းတို့အား ဂါနာနိုင်ငံအပါအဝင် အာဖရိကနိုင်ငံများဖြစ်ကြသည့် နိုင်ဂျီးရီးယား၊ ဆီနီဂေါ ၊ ဂါဘွန်၊ ဆီယာရာလီယွန်၊ ဂင်းနီဗစ်ဆော၊ ဂီနီ ၊ အိုင်ဗရီကို့စ်၊ ဂမ်ဘီယာ၊  လိုက်ဘေးရီးယား ၊မာလီ၊ ဘာကီးနားဖားဆို၊ အီကွေတာဂီနီ၊ တိုဂို ၊ ဘီနင်၊ ကွန်ဂို(ဘရာဇာဗီးလ်) ၊ ကိတ်ဗာဒီ ၊ ဆောင်တူမေး၊ ပရင့်ဆီပယ်နိုင်ငံများသို့ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ပေးအပ်ကူညီသော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများ ဂါနာနိုင်ငံ အက်ခရာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၆ ရက်နေ့က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ပေးအပ်ကူညီသော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများ ဂါနာနိုင်ငံ အက်ခရာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၆ ရက်နေ့က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ပေးအပ်ကူညီသော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများ ဂါနာနိုင်ငံ အက်ခရာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၆ ရက်နေ့က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ပေးအပ်ကူညီသော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများ ဂါနာနိုင်ငံ အက်ခရာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၆ ရက်နေ့က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဂါနာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်စစ်ထင်က ဂါနာနိုင်ငံသည် အနောက်အာဖရိက ဒေသ ကုန်ပစ္စည်း လွှဲပြောင်း သယ်ယူပို့ဆောင်ရေး၏အချက်အချာဖြစ်ရာ ဂါနာနိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်မှုဖြင့် ထောက်ပံ့ရေးပစ္စည်းများကို အခြားနိုင်ငံများသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ကာ ထောက်ပံ့ရေးပစ္စည်းများကို အမြန်ဆုံးလွှဲပြောင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများ၏အားပေးမှုနှင့်အတူ အာဖရိကတိုက်တွင် COVID-19 ကပ်ရောဂါကို အနိုင်တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)