Connect with us

CHINA

တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် သူနာပြုများက အရေးပါသောနေရာမှ ပါဝင်လျက်ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဟောဆန်ဆန်းယာယီဆေးရုံတွင် လက်ချင်းတွဲချိတ်လျက် အားပေးနေကြသည့် သူနာပြုများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ကျွမ်းကျင်သူနာပြုများသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) လူနာများ ကုသရေးတွင် အထူးသဖြင့် ရောဂါပြင်းထန်သောလူနာများ ကုသရာ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တရုတ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။

ရောဂါပြင်းထန်သူများအား ကုသရာတွင် သူနာပြုများ၏ လူနာများကို စောင့်ကြည့်ခြင်းနှင့် ခွဲစိတ်ခြင်း၊ ဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများက ရောဂါပြန်လည်သက်သာနှုန်း မြင့်တက်မှုနှင့် သေဆုံးမှုနှုန်း လျော့ကျမှုများအတွက် အရေးပါကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူ ကောယန်ဟုန်က ပေကျင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သူနာပြုများအား ပိုမိုလေ့ကျင့်ပေးရေးနှင့် ၎င်းတို့၏ အရည်အချင်း မြှင့်တင်ရေးတွင် တရုတ်နိုင်ငံက ကြိုးပမ်းအားထုတ် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် သူနာပြုစုရေး လုပ်ကိုင်သူ ၄ ဒသမ ၄၅ သန်းရှိကာ ပြီးခဲ့သည့်နှစ်ကထက် ၃၅၀,၀၀၀ ကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါသည်များစောင့်ရှောက်ရေး မြှင့်တင်ခြင်းနှင့် ၎င်းတို့၏ နိုင်ငံတကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းများ၌ သူနာပြုများ၏ အခန်းကဏ္ဍများကို ကောက မီးမောင်းထိုးပြခဲ့သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117