Connect with us

WORLD

အမေရိကန် Folk ဂီတ တေးရေးဆရာ COVID-19 ရောဂါဖြင့်ကွယ်လွန် 

အမေရိကန် Folk ဂီတ တေးရေးဆရာ John Prine အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

နယူးယောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) 

အမေရိကန်နိုင်ငံ ဂန္တဝင် Folk ဂီတ တေးရေးဆရာတစ်ဦးဖြစ်သည့် John Prine သည် COVID-19 ရောဂါဖြင့်  ဧပြီ ၇ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။  

COVID-19 ရောဂါ လက္ခဏာများခံစားခဲ့ရသဖြင့် Prine သည် တန်နက်ဆီ ပြည်နယ်၊ နက်ရှ်ဗီလီး မြို့ရှိ Vanderbilt တက္ကသိုလ် ကျန်းမာရေးစင်တာတွင် မတ် ၂၆ ရက်က ဆေးရုံတက်၍ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

Prine ကို ၁၉၄၆ ခုနှစ် အောက်တိုဘာ ၁၀ ရက် တွင် အီလီနွိုက်ပြည်နယ် မေဝုဒ်မြို့တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ဂီတလုပ်ငန်းဖြင့် နှစ်ပေါင်း ၅၀ နီးပါး အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ 

၁၉၆၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကာလတွင် Prine သည်ဝါသနာအရ ဂီတလမ်းကြောင်းပေါ် စတင်ဝင်ရောက်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဖြန့်ချိခဲ့သော သူ၏ ပထမဆုံး သီချင်းခွေမှာ အထူးအောင်မြင်မှုရရှိခဲ့သလို ၎င်းတေးသီချင်းများသည် အမေရိကန် ကျေးလက်လူမှုဘဝကို ထင်ဟတ်စေသော သူ၏ ပထမဆုံး တစ်ကိုယ်တော် တေးစုစည်းမှု သီးချင်းခွေလည်း ဖြစ်လာခဲ့သည်။  (Xinhua)