Connect with us

ASEAN

ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမြို့ကို ဝင်ထွက်သွားလာခွင့် ယာယီပိတ်

ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမြို့တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ခရီးသွားဧည့်သည်များ လာရောက်ရာ ပင်လယ်ကမ်းခြေမြို့ဖြစ်သော ပတ္တယားမြို့ကို COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကြိုးပမ်းအားထုတ်မှုအဖြစ် ခရီးသွားဧည့်သည့်များ ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ကြောင်း သိရသည်။

ပတ္တယားမြို့တည်ရှိရာ  ချောင်ဘူရီပြည်နယ် ပြည်နယ် အုပ်ချုပ်ရေးမှူး ပါခရာသွန်တီယန်ချိုင်း (Phakharathorn Thianchai ) က ပိတ်ဆို့မှုအတွင်း ထိုင်းနိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ၊ မည်သည့်ဧည့်သည်မှ ဝင်ရောက်ခွင့် မပြုကြောင်းကို ဗုဒ္ဓဟူးနေ့က အတည်ပြုပြောဆိုခဲ့သည်။  အဆိုပါ ပိတ်ပင်မှုသည် ဧပြီ ၉ ရက်မှ စတင်ပြီး လကုန်အထိ သက်ရောက်မည်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်း နေ့စဉ် ည ၁၀:၀၀ နာရီမှ နံနက် ၄:၀၀နာရီ အထိ အပြင်မထွက်ရ အမိန့် ထုတ်ပြန် ထားသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး အဆိုအရ   တရားဝင်အိမ် ပိုင်ဆိုင်ကြောင်းအထောက်အထား သို့မဟုတ် ပတ္တယားတွင် လက်ရှိ အလုပ်လုပ်ကိုင်နေသော အထောက်အထား ပြသနိုင်သူများကိုသာ မြို့ထဲဝင် ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ပိတ်ဆို့ထားသော မြို့တော်ဒေသတစ်ဝိုက် မြို့အတွင်းဝင်ရောက်သူများကို စစ်ဆေးရန် လမ်းစစ်ဆေးရေးဂိတ်များစွာ ထားရှိသွားမည်ဖြစ်သည်။  (Xinhua)