Connect with us

MYANMAR

မြန်မာ နိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်နိုင်ရန် တရုတ် နိုင်ငံ က ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး

Industrial and Commercial Bank of China မှ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနအား ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်သည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ၌ COVID-19 ရောဂါ တိုက်ဖျက်နိုင်ရန် အတွက် ဧပြီ ၈ ရက် တွင် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်းကုမ္ပဏီ အသီးသီးမှ ကဏ္ဍအသီးသီး ထံသို့ ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းများစွာ ကူညီထောက်ပံ့မှု ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ဧပြီ ၈ ရက် နံနက် ၉ နာရီတွင် တရုတ် သံရုံး ၌ Industrial and Commercial Bank of China (ICBC) မှ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနအား ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်သည့် အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ပြီး ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း အခုရေ တစ်သိန်းငါးသောင်း နှင့် ရောဂါ စစ်ဆေးမှု ကိရိယာ ၄,၀၀၀ တို့အား ပေးအပ်လှူဒါန်းခဲ့သည်။

YANGON-SHENZHEN INDUSTRIAL PARK GROUP COMPANY LIMITED မှ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေစဉ်(ဆင်ဟွာ)

SPIC ကုမ္ပဏီ မှ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အား ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေစဉ်(ဆင်ဟွာ)

China General Technology Group မှ မြန်မာ့ မီးရထားလုပ်ငန်းအား ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေစဉ်(ဆင်ဟွာ)

ဝမ်ပေါင် ကုမ္ပဏီ မှ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အား ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေစဉ်(ဆင်ဟွာ)

 

တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က မြန်မာနိုင်ငံ ၌ COVID-19 ရောဂါ စတင် ဖြစ်ပွား ချိန် မှ စ၍ တရုတ် နိုင်ငံ အစိုးရ ၊ ပြည်သူလူထု နှင့် နယ်ပယ် အသီးသီး တို့က ကူညီထောက်ပံ့မှုများစွာ ပေးအပ်ခဲ့ကြောင်း ၊ ယခုကဲ့သို့ ဘက်ပေါင်းစုံ မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း သည် တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် စစ်မှန်သော ဆွေမျိုးပေါက်ဖော် မိတ်ဆွေညီအကို များ ဖြစ်ကြောင်း ကို ဖော်ပြလိုသောကြောင့် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်မှု အောက်တွင် COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း အောင်မြင်မှု ရရှိနိုင်ရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြား ခဲ့သည်။

ICBC ရန်ကုန်ဘဏ်ခွဲ ဥက္ကဋ္ဌ ဟယ်ပိချင်း (He Biqing) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ICBC ရန်ကုန်ဘဏ်ခွဲ ဥက္ကဋ္ဌ ဟယ်ပိချင်း (He Biqing) က မြန်မာ နိုင်ငံ အား ကူညီထောက်ပံ့ပေး သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ သည် မြန်မာ နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ ကပ်ရောဂါ တိုက်ဖျက်ရာ တွင် အထောက်အကူ ဖြစ်စေရန် မျှော်လင့်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေး တွင် အောင်မြင်မှု ရရှိနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 

Industrial and Commercial Bank of China မှ မြန်မာ နိုင်ငံ သို့ လှူဒါန်းပေးသည့် ထောက်ပံ့ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ် နိုင်ငံ ဆေးပညာရှင်များ နှင့် အတူတကွ ရောက်ရှိလာသည့် ထောက်ပံ့ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က လက်ရှိတွင် မြန်မာ နိုင်ငံ အခက်အခဲ ရှိနေပြီး လိုအပ်ချက်များ ရှိနေချိန်တွင် တရုတ် နိုင်ငံ က ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းပေးသည့် အတွက် လွန်စွာဝမ်းမြောက် ကျေးဇူးတင် မိကြောင်း ပြောကြား ခဲ့သည်။

ICBC ၏ လှူဒါန်းမှု အပြင် ဧပြီ ၈ ရက် နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရုံး ၌ YANGON-SHENZHEN INDUSTRIAL PARK GROUP COMPANY LIMITED မှ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အား ဆေးဘက်ဆိုင်ရာ သုံး နှာခေါင်းစည်း အခုရေ တစ်သောင်း ၊ SPIC ကုမ္ပဏီ မှ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အား ဆေးဘက်ဆိုင်ရာ သုံး နှာခေါင်းစည်း အခုရေ ၂,၀၀၀ နှင့် အပူချိန်တိုင်း ကိရိယာ ၂၀ ၊ ဧပြီ ၈ ရက် နံနက် ၁၁ နာရီ အချိန်တွင် တရုတ် နိုင်ငံ စီးပွားရေး သံရုံး ၌ China General Technology Group မှ မြန်မာ့ မီးရထားလုပ်ငန်းအား ဆေးဘက်ဆိုင်ရာ သုံး နှာခေါင်းစည်း အခုရေ ၁၄,၀၀၀ ၊ ဧပြီ ၈ ရက် နေ့လည် ၃ နာရီ အချိန်တွင် မြန်မာ နိုင်ငံ ဆေးသုတေသန ဦးစီးဌာန ၌ ဝမ်ပေါင် ကုမ္ပဏီ မှ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အား ဆေးဘက်ဆိုင်ရာ သုံး နှာခေါင်းစည်း အခုရေ တစ်သောင်း ၊ N95 နှာခေါင်းစည်း အခုရေ ၅၀၀ နှင့် ကာကွယ်ရေး ဝတ်စုံ ၅၀၀ တို့အား အသီးသီး ပေးအပ် လှူဒါန်း ခဲ့သည်။

ထို့ပြင် ဧပြီ ၈ ရက် နံနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရာ၌ အကူအညီပေးရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ က လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း ၅.၃ တန် ကိုလည်း အတူတကွ သယ်ဆောင်လာကြောင်း သိရှိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117