Connect with us

VIDEO

တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေးအကူအညီပေးရန်ရောက်ရှိ 

ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက်ဖျက်ရာ၌ အကူအညီပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ဧပြီ ၈ ရက်တွင် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့နှင့်အတူ nucleic acid testing ဓါတ်ခွဲခန်းစက်ပစ္စည်းများ ၊ ဓါတ်ခွဲခန်းတွင်အသုံးပြုမည့်ပစ္စည်းများ ၊ N95 နှာခေါင်းစည်း ၈,၅၀၀ ခု ၊ Medical Mask ၆၀,၀၀၀ ခု ၊ ရောဂါကာကွယ်ရေးဝတ်စုံ ၅,၅၀၀ စသဖြင့် ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ၊ တရုတ်တိုင်းရင်းဆေး ၊ အနောက်တိုင်းဆေးဝါးများ အပါအဝင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၅ ဒသမ ၃ တန် သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွင် ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးစင်တာ၊ ကူမင်းဆေးတက္ကသိုလ် အမှတ် (၁) ဆေးရုံ၊ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေး ဆေးရုံများမှ အသက်ရှူလမ်းကြောင်း ရောဂါ ကူးစက်ရောဂါ ၊ ပြင်းထန်ရောဂါ၊ ရောဂါစစ်ဆေးရေး၊ တရုတ်တိုင်းရင်းဆေး စသည့် နယ်ပယ်များမှ ကျွမ်းကျင် ပညာရှင် ၁၂ ဦး ပါဝင်ကြောင်း ၊ နှစ်ဖက် ဆွေးနွေးမှုများအရ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံ၏ ကပ်ရောဂါအခြေအနေပေါ်မူတည်ပြီး နှစ်ပတ်ကြာခန့် နေမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.