Connect with us

CHINA

ရှန်ဟိုင်းမြို့၌ ပြည်ပမှဝင်ရောက်လာသည့် COVID-19 လူနာသစ် ၂ ဦးတွေ့ရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မြင်ကွင်းအား ဧပြီ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဧပြီ ၄ ရက်တွင် နိုင်ငံရပ်ခြားမှ ဝင်ရောက်လာသော COVID-19 လူနာသစ် နှစ်ဦး တွေ့ရှိကြောင်း မြို့တော်မြူနီစီပယ်ကျန်းမာရေးကော်မရှင်က ယနေ့ ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လူနာသစ်များအနက်တစ်ဦးမှာ ပြင်သစ်မှ လာရောက်ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ရုရှားမှဖြစ်ကြောင်း ၊ ယခုအခါ ရှန်ဟိုင်းမြို့၌ ပြည်ပမှ ဝင်ရောက်လာသော အတည်ပြုလူနာ စုစုပေါင်း အရေအတွက် ၁၉၂ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာများအား သက်ဆိုင်ရာ ကုသရေးဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ ၎င်းလူနာများလိုက်ပါလာသော လေယာဉ်ပေါ်တွင် အနီးကပ် ထိတွေ့မိခဲ့သည့် အခြားလူ ၁၀ ဦးကိုလည်း ဆေးဘက်ဆိုင်ရာစောင့်ကြည့်မှုအောက်တွင် ထားရှိထားကြောင်း သိရသည်။

ပြည်ပမှ ဝင်ရောက်လာသော လူနာ ၁၉၂ ဦး အနက် ၂၉ ဦးမှာ ရောဂါသက်သာလာ၍ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း ၊ လက်ရှိတွင် လူနာ ၁၆၃ ဦး ဆေးရုံပေါ်တွင် ကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း ၊ ၎င်းတို့အနက် တစ်ဦးမှာ ရောဂါပြင်းထန်သောအခြေအနေတွင်ရှိနေကြောင်း ကော်မရှင်က ဆိုသည်။

ထို့ပြင် ပြည်ပမှ ဝင်ရောက်လာသော သံသယလူနာ ၂၄ ဦးကိုလည်း ဆက်လက် အတည်ပြုသွားမည်ဖြစ်ကြောင်း ကော်မရှင်က ဖြည့်စွက်ပြောကြားခဲ့သည်။ဧပြီ ၄ ရက်တွင် ပြည်တွင်း အချင်းချင်း ကူးစက်မှုအသစ် လုံးဝမရှိကြောင်း ရှန်ဟိုင်းမြူနီစီပယ်က ဆက်လက်ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့တွင် ပြည်တွင်း ကူးစက်မှု အတည်ပြုလူနာ ၃၃၉ ဦး ရှိခဲ့ကြောင်း ၊ ဧပြီ ၄ ရက် အထိ ရောဂါသက်သာပျောက်ကင်းသူ ၃၂၇ ဦးဆေးရုံ အသီးသီးမှ ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း ၊ သေဆုံးသူ ၆ ဦး နှင့် အခြား ၆ ဦးမှာ  ဆေးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်ကြောင်း မြို့တော်ကျန်းမာရေးကော်မရှင်က ဆိုသည်။(Xinhua)