Connect with us

ASEAN

ဗီယက်နမ်နိုင်ငံတွင် ယနေ့နံနက်တွင် COVID-19 ကူးစက်ခံရသူ မရှိကြောင်း သတင်းထုတ်ပြန်

ဗီယက်နမ်နိုင်ငံ Hai Phong မြို့မြင်ကွင်း တစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ယနေ့ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် COVID-19 ကူးစက်ခံရမှု လူနာသစ် မရှိကြောင်း ၊ လက်ရှိနိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း ၂၄၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

“ ဒီနေ့ ဟာ မတ်လ ၆ ရက် နောက်ပိုင်း ပထမဆုံး ကူးစက်လူနာသစ်လုံးဝ မရှိတဲ့ နေ့တစ်နေ့ပါပဲ ” ဟု ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့ ဧပြီ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။ဧပြီ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ အတည်ပြုလူနာသစ် ၃ ဦးရှိကြောင်း နှင့် မတ် ၆ ရောက်မှစတင်ကာ အတည်ပြုလူနာ ၂၂၄ ဦးထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဗီယက်နမ်နိုင်ငံတွင် ယနေ့ဧပြီ ၅ ရက် နံနက်ပိုင်းထိ စောင့်ကြည့် နှင့် သီးသန့်ခွဲခြားနေထိုင်သူ ၇၄,၀၀၀ နီးပါး နှင့်အတူ သံသယလူနာ ၃,၇၃၆ ဦးရှိကြောင်း နှင့် ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာသူ ၉၀ ဦးရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံအတွင်းလက်ရှိအချိန်ထိ COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။(Xinhua)