Connect with us

WORLD

အာဂျင်တီးနား နိုင်ငံ တွင် ပြည်သူလူထု အားလုံး နေအိမ် ပြင်ပ မထွက်ရသည့် သီးသန့်ခွဲခြားနေထိုင် ရမည့် အမိန့် ထုတ်ပြန် ကြေညာ

အာဂျင်တီးနား နိုင်ငံ သမ္မတ Alberto Fernandez အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အာဂျင်တီးနား နိုင်ငံ သမ္မတ Alberto Fernandez က နိုင်ငံ အတွင်း ရှိ ပြည်သူလူထု များ အနေဖြင့် မတ်လ ၂၀ ရက် မှ ၃၁ ရက် အထိ မဖြစ်မနေ ကြိုတင်ကာကွယ်ရေး သီးသန့်ခွဲခြားနေထိုင်မှု ဆောင်ရွက်ချက် အား လိုက်နာသွားရမည် ဖြစ်ပြီး အခြေခံလူသုံးကုန် နှင့် ဆေးဝါး များ ဝယ်ယူခြင်း မှ အပ နေအိမ် ပြင်ပ သို့ စိတ်ရှိရာ အတိုင်း ထွက်ခွာခွင့်မပြုကြောင်း မတ်လ ၁၉ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက် အရ ပြည်သူလူထု များအနေဖြင့် နေအိမ် မှ စိတ်ရှိရာ အတိုင်း ထွက်ခွာခွင့် မပြုဘဲ ထွက်ခွာခဲ့သောသူများအား အများပြည်သူ လုံခြုံရေး အန္တရာယ်ပြုမှု ဖြင့် ပြစ်ဒဏ် ချမှတ် သွားမည် ဖြစ်ကြောင်း ၊ ယင်းကာလ အတွင်း အစိုးရ အဖွဲ့ဝင် ၊ ရဲတပ်ဖွဲ့ဝင် ၊ အစားအသောက် နှင့် ဆေးဝါး ထုတ်လုပ်သူ နှင့် ရေနံလုပ်ငန်း ဆောင်ရွက်သူများ က မဖြစ်မနေ သီးသန့်ခွဲခြား နေထိုင်သူများ အဖြစ် မပါဝင်ကြောင်း သိရှိရသည်။

အာဂျင်တီးနား နိုင်ငံ တွင် လတ်တလော ရက်ပိုင်း အတွင်း ရေရှည်နေထိုင်ခွင့် မရှိသော နိုင်ငံခြားသား များ အား ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြီး နယ်စပ်ဂိတ် ၊ အဝေးပြေး ကားဂိတ် ၊ မီးရထား နှင့် ပြည်တွင်း လေကြောင်း ခရီးစဉ်များ အားလုံး ကို ရပ်နားခဲ့ကြောင်း ၊ ပြည်သူလူထု အားလုံး နေအိမ် ပြင်ပ မထွက်ရသည့် သီးသန့်ခွဲခြားနေထိုင် ရမည့် အမိန့် ဆောင်ရွက်စဉ် အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး မှာလည်း ကန့်သတ် ခံရမည် ဖြစ်ကြောင်း သိရှိရသည်။

အာဂျင်တီးနား နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ မတ်လ ၁၉ ရက် ထုတ်ပြန်ကြေညာချက် အရ ယင်းနေ့ တွင် လူပေါင်း ၃၁ ဦး COVID-19 ရောဂါ ထပ်မံ ကူးစက်ခံခဲ့ရပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၂၈ ဦး သို့ ရောက်ရှိလာကာ လူ ၃ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။  (Xinhua)