Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ တစ်သိန်းကျော်ထိ ရောက်ရှိလာ

ဘရာဇီးနိုင်ငံ ဆောပေါ်လိုမြို့ရှိ ဆံသဆိုင်တွင် နှာခေါင်းစည်းတပ်၍ ဆံပင်ညှပ်ခံနေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါဖြင့် သေဆုံးသူ တစ်သိန်းကျော် နှင့် ကူးစက်ခံရသူ သုံးသန်းကျော်ထိ ရှိလာကြောင်း အစိုးရ၏ ဩဂုတ် ၈ ရက်က ထုတ်ပြန်ချက် အရ သိရသည်။

ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၉၀၅ ဦး ၊  ကူးစက်မှုအသစ် ၄၉,၉၇၀ ဦး ရှိကြောင်း ဖော်ပြထားပြီး လက်ရှိအချိန်ထိ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၀၁၂,၄၁၂ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၁၀၀,၄၇၇ ဦး အသီးသီးရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါ အဆိုးရွားဆုံးကူးစက်ခံရသည့် နိုင်ငံများစာရင်းတွင် အမေရိကန်နိုင်ငံနောက် ဒုတိယနေရာဖြင့် အမြင့်ဆုံးတွင် ရပ်တည်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းနှစ်နိုင်ငံစလုံးတွင် လက်ရှိအချိန်ထိ ကူးစက်မှုနှုန်း နှင့် သေဆုံးမှုနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)