Connect with us

WORLD

အစ္စရေးနိုင်ငံတွင် COVID-19 ဖြင့်သေဆုံးသူ ၆၀၀ ထိရှိလာ

အစ္စရေးနိုင်ငံ ဂျေရုစလမ်မြို့ လမ်းဘေးတစ်နေရာတွင် ဆေးဝန်ထမ်းများက ပြည်သူများအား COVID-19 စစ်ဆေးရန် နှာခေါင်းတို့ဖက် အာခေါင်တို့ဖက် နမူနာ ရယူနေစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် နောက်ထပ် သေဆုံးသူသစ် ခုနှစ်ဦး နှင့်အတူ လက်ရှိအချိန်ထိ COVID-19 ရောဂါဖြင့် စုစုပေါင်းသေဆုံးသူ ၆၀၀ ဦးထိ ရှိလာခဲ့ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၆၇၈ ဦးရှိကြောင်း နှင့် စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၈၃,၀၀၂ ဦးထိ ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ကျန်းမာရေးအခြေအနေဆိုးရွားစွာ ခံစားနေရသည့် လူနာအရေအတွက်သည် ၃၈၈ ဦးမှ ၃၉၅ ဦးထိ တိုးမြင့်လာခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေရသည့် COVID-19 လူနာပေါင်း ၈၄၇ ဦးရှိကြောင်း သိရသည်။

အစ္စရေးနိုင်ငံ ဂျေရုစလမ်မြို့ လမ်းဘေးတစ်နေရာတွင် ဆေးဝန်ထမ်းများက ပြည်သူများအား COVID-19 စစ်ဆေးရန် နှာခေါင်းတို့ဖက် အာခေါင်တို့ဖက် နမူနာ ရယူနေစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဂျေရုစလမ်မြို့ လမ်းဘေးတစ်နေရာတွင် ဆေးဝန်ထမ်းများက ပြည်သူများအား COVID-19 စစ်ဆေးရန် နှာခေါင်းတို့ဖက် အာခေါင်တို့ဖက် နမူနာ ရယူနေစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် COVID-19 ရောဂါကုသပျောက်ကင်းသွားသူသစ် ၄၆၂ ဦးနှင့်အတူ လက်ရှိတွင် ပြန်လည်သက်ကောင်းမွန်သွားသူ ၅၇,၅၃၃ ဦးထိရှိလာခဲ့ကြောင်း နှင့် တစ်ချိန်တည်းမှာပင် လက်ရှိရောဂါဖြစ်ပွားဆဲလူနာအရေအတွက်မှာ ၂၄,၈၆၇ ဦးထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ ဂျေရုစလမ်မြို့ လမ်းဘေးတစ်နေရာတွင် ဆေးဝန်ထမ်းများက ပြည်သူများအား COVID-19 စစ်ဆေးရန် နှာခေါင်းတို့ဖက် အာခေါင်တို့ဖက် နမူနာ ရယူနေစဉ်(ဆင်ဟွာ)

ဩဂုတ် ၉ ရက်နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် တစ်ရက်လျှင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို ၆၀,၀၀၀ ခုထိ တိုးမြှင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ကုန်ကျစရိတ်မှာ အစ္စရေးငွေ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၇ ဘီလီယံ) ထိ ရှိနိုင်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။လက်ရှိတွင် အစ္စရေးနိုင်ငံ၌ ပျမ်းမျှ တစ်ရက်လျှင် COVID-19 ရောဂါစစ်ဆေးမှုပေါင်း ၂၅,၀၀၀ ကျော်ပြုလုပ်နေပြီး ၊ ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် တစ်ခါတစ်ရံ ၁၀,၀၀၀ အောက်ထိကျဆင်းခဲ့ကြောင်း  သိရသည်။(Xinhua)