ဆန်တီယာဂို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ချီလီနိုင်ငံတွင် နိုဝင်ဘာ ၂၅ ရက်က နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) အတည်ပြုလူနာ ၁,၀၀၄ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာဦးရေ ၅၄၄,၀၉၂ အထိ မြင့်တက်လာခဲ့ရာ နေ့စဉ် အတည်ပြုလူနာဦးရေ ၁,၀၀၀ ကျော်...
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တစ်ဝိုက်တွင် ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို တိုးမြှင့်ထားပြီး မလေးရှားနိုင်ငံတွင် ထပ်တိုးအတည်ပြုလူနာဦးရေ ဆက်တိုက် စံချိန်တင် မြင့်တက်နေကြောင်း နိုဝင်ဘာ ၂၄ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ပဲရစ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပြင်သစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ အိမ်အပြင်ဘက်ထွက်၍ လှုပ်ရှားသွားလာမှုများကို လွတ်လွတ်လပ်လပ် ပိုမိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး ကျန်းမာရေး အခြေအနေများဖြင့် ကိုက်ညီမှုရှိပါက ဒီဇင်ဘာ ၁၅ ရက်တွင် နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများကို...
ဝါရှင်တန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားကတည်းက ကလေးဦးရေ ၁.၂ သန်းနီးပါးတွင် COVID-19 ရောဂါ တွေ့ရှိခဲ့ရကြောင်း အမေရိကန် ကလေးအထူးကုဆရာဝန်များအကယ်ဒမီ (AAP) နှင့် ကလေးဆေးရုံများအသင်း တို့၏ နောက်ဆုံးတွေ့ရှိသည့် အချက်အလက်များအရ သိရသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုမြင့်မားလာခြင်း နှင့် အစိုးရ၏ တုံ့ပြန်ကိုင်တွယ်ပုံ အားနည်းခြင်းကြောင့် အန္တရာယ်ရှိပြီး ပုံမှန်မဟုတ်သော ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် အမေရိကန်နိုင်ငံ၌ အဓိကဦးဆောင်ဦးရွက်ပြုလုပ်နေသည့် ဆေးရုံကြီးတစ်ခုဖြစ်သော Nebraska ပြည်နယ် တက္ကသိုလ် ဆေးရုံကြီးတစ်ခုလုံးသည် လူနာများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေကြောင်း ဆေးဘက်ဆိုင်ရာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦးဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း(၆)သန်းကျော် ရှိလာပြီး၊ ပေါ်တူဂီနိုင်ငံတွင် အမျိုးသားအရေးပေါ်အခြေအနေ နောက်ထပ်တစ်ကြိမ် သက်တမ်းတိုးလိုက်ကြောင်း နိုဝင်ဘာ ၂၁ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
စင်ကာပူ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မလေးရှားနိုင်ငံသည် အန္တရာယ်ကင်း၍ ဆေးစွမ်းထက်သော COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုကို တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံတွင် တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသော Lianhe Zaobao သတင်းစာအရ သိရသည်။
မော်စကို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါအား မည်ကဲ့သို့ အောင်မြင်စွာ ထိန်းချုပ်ထားသည်ဆိုသည်ကို အခြားသော နိုင်ငံများအတွက် နမူနာကောင်းတစ်ခုအဖြစ် တည်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘောဒီးယားနိုင်ငံတွင် အစောပိုင်းက COVID-19 ကူးစက်ခံရသောဧည့်သည်တစ်ဦးနှင့် ထိတွေ့မိသူ ၁,၄၂၀ ဦးခန့်တွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီးနောက် စာသင်ကျောင်းများ၊ ပြတိုက်များ၊ ရုပ်ရှင်ရုံများနှင့် မင်္ဂလာဆောင်အခမ်းအနားများ အားလုံးပြန်လည်ဖွင့်လှစ်ကျင်းပရန် ဝန်ကြီးချုပ် Samdech Techo Hun...
အာဒစ်အာဘာဘာ ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာဖရိကတိုက်တွင် COVID-19 အတည်ပြုလူနာအရေအတွက်မှာ ၁,၉၉၈,၂၅၃ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။