ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) လေ့လာမှုများအရဗိုင်းရပ်စ်သန္ဓေမည်သို့ပင်ပြောင်းလဲစေကာမူ COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုအပေါ်ထိခိုက်မှုရှိမည်မဟုတ်ကြောင်းတရုတ်နိုင်ငံတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည်တစ်နှစ်လျှင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်းသည် ယခုနှစ်ကုန်ပိုင်းအထိအရေအတွက် သန်း၆၁၀ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ၂၀ ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမို(Andrew Cuomo) က နိုင်ငံအတွင်း လူပေါင်း ၂၂၀,၀၀၀ ကျော် အသက်သေဆုံးခဲ့ရပြီးဖြစ်သည့် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ သမ္မတထရမ့်၏ ကိုင်တွယ်ပုံ ဖြေရှင်းပုံအပေါ် အောက်တိုဘာ ၂၀ ရက်က ဝေဖန်ထိုးနှက်လိုက်ကြောင်း သိရသည်။
နယူးယောက်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်ထိ COVID-19 ကြောင့် သေဆုံးသူ ၂၂၀,၀၀၀ ဦး ကျော်လွန်လာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE) အဆိုအရ သိရသည်။
ပေကျင်း၊အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်သည် လူ့ခန္ဓာကိုယ်အရေပြားပေါ်တွင် ၉ နာရီကြာအသက်ရှင်နိုင်ရာ ၎င်းအသက်ရှင်နိုင် သည့်ကြာချိန်မှာ သာမန်တုပ်ကွေးရောဂါပိုး၏ ၅ ဆဖြစ်သည်ဟု ဂျပန် သုတေသီများက တွေ့ရှိခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်သည် အရေပြားပေါ်တွင် ၉ နာရီကြာ အသက်ရှင်နိုင်သည်ဟု ဂျပန်သုတေသီများက တွေ့ရှိခဲ့ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံတွင် နှာခေါင်းစည်း မတပ်မနေရ အမိန့် ထုတ်ပြန်လိုက်ကြောင်း အောက်တိုဘာ ၁၈ ရက် သတင်းများအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ဩစတြီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု positiveဖြစ်ကြောင်းနှင့် ကိုဗစ် ဒုတိယအကြိမ်ကူးစက်လူနာတွေ့ရှိရဟု ဆွီဒင်နိုင်ငံက ဆိုကြောင်း အောက်တိုဘာ ၁၇ ရက် သတင်းများအရ သိရသည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတွင် ယခုရက်ပိုင်းများအတွင်း တုပ်ကွေးရောဂါကာကွယ်ဆေးများ ခိုးယူခံခဲ့ရကြောင်း မက္ကဆီကို အာဏာပိုင်များက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း ကင်ဆာရောဂါ ကုသဆေးဝါးများ ခိုးယူခံခဲ့ရကြောင်း ဆိုသည်။
ဘာလင် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) သမ္မတကိုယ်ရံတော်များအနက် ကိုယ်ရံတော်တစ်ဦးထံတွင် COVID-19 ရောဂါ positive စစ်ဆေးတွေ့ရှိပြီးနောက် ဂျာမနီနိုင်ငံသမ္မတ Frank-Walter Steinmeier သည် အောက်တိုဘာ ၁၇ ရက်က (Q) သီးခြားခွဲ၍ နေထိုင်နေပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဂျီနီဗာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) COVID-19 လူနာများကို ကုသသော ဆေးဝါးလေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာစမ်းသပ်မှုတစ်ခုမှ နောက်ဆုံးထုတ်ပြန်လိုက်သော ရလဒ်များအရ အဆိုပါ ဆေးဝါးများမှာ COVID-19 ကြောင့် သေဆုံးမှုကို ကာကွယ်ခြင်း သို့မဟုတ် ဆေးရုံတက်ချိန်လျှော့ချခြင်းများတွင် ထိရောက်မှု “အနည်းငယ်ရှိ...