Connect with us

WORLD

ဩစတြီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု positiveဖြစ်၊ ကိုဗစ် ဒုတိယအကြိမ်ကူးစက်လူနာတွေ့ရှိရဟု ဆွီဒင်နိုင်ငံက ဆို

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ လွတ်တော်အဆောက်အဦအား အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

ဩစတြီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု positiveဖြစ်ကြောင်းနှင့် ကိုဗစ် ဒုတိယအကြိမ်ကူးစက်လူနာတွေ့ရှိရဟု ဆွီဒင်နိုင်ငံက ဆိုကြောင်း အောက်တိုဘာ ၁၇ ရက် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ အောက်တိုဘာ ၁၇ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၀ နာရီ ၃၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၃၉၂,၁၅၁ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၆,၀၂၁ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၃၉,၀၂၃,၂၉၂ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၀၉၉,၅၈၆ ဦး ရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မြင်ကွင်းအား အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၁၈ ရက် ၇ နာရီ ၂၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၃၉,၅၂၆,၇၂၆ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၁၀၇,၂၉၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကိုဗစ် အတည်ပြုလူနာနှင့် သေဆုံးသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၈,၁၀၀,၆၆၂ ဦး နှင့် သေဆုံးသူ ၂၁၉,၁၅၆ ဦး ရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မြင်ကွင်းအား အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂။ သတင်းအချက်အလက်များ

ဩစတြီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Schallenberg သည် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် positiveဖြစ်ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၇ ရက်က ပြောကြားခဲ့သည်။ Schallenbergဆေးစစ်ချက်အဖြေ positiveဖြစ်သည်ဟု ထုတ်ပြန်ပြီးမကြာမီ အစိုးရအဖွဲ့ အခြားအဖွဲ့ဝင်များအရေးပေါ် ဆေးစစ်မှုခံယူခဲ့ရာ လက်ရှိအချိန်ထိ ကူးစက်မှုမတွေ့ရှိရသေးကြောင်း သတင်းများအရ သိရသည်။

ဆွီဒင်နိုင်ငံတွင် ကိုဗစ် ဒုတိယအကြိမ်ထပ်မံကူးစက်သောလူနာ ပထမဆုံးအကြိမ်တွေ့ရှိရကြောင်း ဆွီဒင်သုတေသီများ အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ လူနာသည် အသက် ၅၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာ အနည်းငယ်သာရှိကြောင်း သိရသည်။ ပထအကြိမ် ကူးစက်မှုမှာ မေလကဖြစ်ပြီး ကုသပြီးနောက် ဆေးစစ်မှုတွင် negativeဖြစ်ခဲ့ကြောင်း၊ ဩဂုတ်လတွင် ဆေးစစ်သည့်အခါ positive ပြန်ဖြစ်ခဲ့သည်။ ဗိုင်းရပ်စ်၏မျိုးရိုးဗီဇ စစ်ဆေးမှုရလဒ်အရ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ မတူညီခြင်းကို တွေ့ရှိခဲ့ရာ ဒုတိယအကြိမ် ကူးစက်ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

ဂျာမနီနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေသည် လက်ရှိတွင် အလွန်ဆိုးဝါးသည့် အခြေအနေ၌ရှိနေရာ ရောဂါကူးစက်ပြန်နှံ့မှု ထိန်းမနိုင်သိမ်းမရဖြစ်မည်ကို ရှောင်ရှားနိုင်ရန်အတွက် လူမှုဆက်ဆံရေး သွားလာလှုပ်ရှားမှုများကို များစွာလျှော့ချရန် အများပြည်သူကို ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က အောက်တိုဘာ ၁၇ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ဘယ်လ်ဂျီယမ်နိုင်ငံတွင် ဖြစ်ပေါ်နေပြီဖြစ်သော ကိုဗစ်ဒုတိယလှိုင်းကို ဟန့်တားရန်အတွက် အောက်တိုဘာ ၁၉ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ညမထွက်ရအမိန့် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်De Crooက အောက်တိုဘာ ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ညလယ်ခေါင်မှ နံနက် ၅ နာရီအတွင်း အထူးအခြေအနေမရှိဘဲ အပြင်ထွက်ခွင့်မပြုသလို တစ်နိုင်ငံလုံးရှိ အရက်ဘား၊ ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များကို ၁ လကြာပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

ဟန်ဂေရီနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် အသစ်ထပ်တိုးလူနာ ၁,၇၉၁ ဦးရှိပြီး ကပ်ရောဂါကာလ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက်စံချိန်တင် အများဆုံးဖြစ်ခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၄၄,၈၁၆ ဦး၊ စုစုပေါင်းသေဆုံးသူ ၁,၁၀၉ ဦး နှင့် ရောဂါသက်သာပျောက်ကင်းသူ ၁၃,၅၈၀ ဦး ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၁၇ ရက် နေ့လည်ပိုင်းအထိ တစ်ရက်တွင်း ထပ်တိုးအတည်ပြုလူနာအရေအတွက် စံချိန်တင်အဖြစ် ၈၆၉ ဦး ရှိရာ စုစုပေါင်းအတည်ပြုလူနာ ၁၉,၆၂၇ ဦး ၊ ထပ်တိုးသေဆုံးသူ ၄ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၁၈၀ ဦး ၊ ရောဂါ သက်သာပျောက်ကင်းသူ ၁၂,၅၆၁ ဦးရှိကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.