Connect with us

WORLD

ကိုရိုနာဗိုင်းရပ်စ် အရေပြားပေါ်တွင် ၉ နာရီကြာ အသက်ရှင်နိုင်ဟု တွေ့ရှိ၊ ဆွစ်ဇာလန်နိုင်ငံတွင် နှာခေါင်းစည်း မတပ်မနေရ အမိန့် ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၏ မြင်ကွင်းတစ်နေရာအား မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်သည် အရေပြားပေါ်တွင် ၉ နာရီကြာ အသက်ရှင်နိုင်သည်ဟု ဂျပန်သုတေသီများက တွေ့ရှိခဲ့ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံတွင် နှာခေါင်းစည်း မတပ်မနေရ အမိန့် ထုတ်ပြန်လိုက်ကြောင်း အောက်တိုဘာ ၁၈ ရက် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ အောက်တိုဘာ ၁၈ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၄ နာရီအထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၃၈၉,၆၈၃ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၆,၀၄၆ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၃၉,၅၉၆,၈၅၈ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၁၀၇,၃၇၄ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၁၉ ရက် ၈ နာရီ ၂၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၃၉,၈၇၅,၉၆၄ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၁၁၂,၄၂၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၈,၁၄၈,၃၆၈ ဦး နှင့် သေဆုံးသူ ၂၁၉,၆၆၆ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

ကိုရိုနာဗိုင်းရပ်စ်သည် လူ့အရေပြားပေါ်တွင် ၉ နာရီကြာအသက်ရှင်ရာ ၎င်းမှာ သာမန်တုပ်ကွေးရောဂါပိုး ထက် ၅ ဆ ဖြစ်ကြောင်း ဂျပန် သုတေသီများက တွေ့ရှိခဲ့သည်။ အဆိုပါ နောက်ဆုံးသုတေသနရလဒ်များကို Clinical Infectious Diseases ဂျာနယ် တွင် ဖော်ပြခဲ့သည်။ ဂျပန်သုတေသီအဖွဲ့သည် သေဆုံးပြီးတစ်ရက်ကြာသော ရုပ်လောင်းနမူနာခွဲစိတ်မှုတွင် အရေပြားကို ယူ၍ စမ်းသပ်ခဲ့ရာတွင် သာမန် တုပ်ကွေးရောဂါပိုးသည် အရေပြားပေါ်တွင် ၁ နာရီ ၄၈ မိနစ်ခန့် အသက်ရှင်နိုင်သော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်မှာမူ ၉ နာရီကြာ အသက်ရှင်နိုင်သည့်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကြောင့် ကျဆင်းနေသည့် ပြည်တွင်းစီးပွားရေးလိုအပ်ချက်ကို နိုးထလာစေရန် ယခုလကုန်ပိုင်းမှစ၍ လူပေါင်း ၁၀ သန်းကျော်ကို စားသောက်ဆိုင်၊ ပြတိုက်၊ အားကစားစသည့် အရောင်းလက်မှတ်များ ဝေပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အစိုးရက အောက်တိုဘာ ၁၈ ရက်က အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ကိုဗစ်တစ်ကျော့ပြန် ဖြစ်ပွားမှုကြောင့် နှာခေါင်းစည်းတပ်ခြင်း၊ အများပြည်သူသွားလာသောနေရာတွင် စုဝေးမှုကို တားမြစ်ခြင်းအပါအဝင် ပိုမိုတင်းကျပ်သော ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများကို အောက်တိုဘာ ၁၉ ရက်မှစ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ အစိုးရက အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။

၁၉ ရက်နေ့မှစ၍ အများပြည်သူသွားလာရာနေရာတွင် လူ ၁၅ ဦးနှင့်အထက် စုဝေးမှုကို တားမြစ်ခြင်း၊ အဆောက်အဦအတွင်းနှင့်အများသွားလာရာနေရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ခြင်း ၊ လူ ၁၅ ဦးနှင့်အထက် မိတ်ဆုံစားပွဲတွင် လူတိုင်းက နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန်နှင့် အိမ်တွင် ရုံးအလုပ် လုပ်ကိုင်ရန် ဆွစ်ဇာလန်နိုင်ငံ အစိုးရက ယင်းနေ့တွင် အထူးအစည်းအဝေးတစ်ရပ်ခေါ်ယူကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ဂယက်ရိုက်ခတ်မှုကြောင့် အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိက ဒေသများတွင် အလွန်တရာ ဆင်းရဲနွမ်းပါးသော လူဦးရေ ၃ သန်း တိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ယခုရက်ပိုင်းများအတွင်း ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုမတိုင်မီက ယီမင်၊ လစ်ဗျား၊ ဆီးရီးယားနိုင်ငံများ၏ အဆက်မပြတ်ပဋိပက္ခ ဖြစ်ပွားမှုနှင့် လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြောင့် လက်ဘနွန်စီးပွားရေး ဆုတ်ယုတ်လာခဲ့ရာ ယင်းဒေသများတွင် ဆင်းရဲနွမ်းပါးမှုအခြေအနေသည် အဆက်မပြတ် ဆိုးဝါးလျက်ရှိသည်။(Xinhua)