Connect with us

WORLD

အမေရိကန်နိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူ ၂၂၀,၀၀၀ ဦး ကျော်လွန်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ Capitol အဆောက်အဦအနီးတွင် အမျိုးသားတစ်ဦးလမ်းလျှောက်သွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်ထိ COVID-19 ကြောင့် သေဆုံးသူ ၂၂၀,၀၀၀ ဦး ကျော်လွန်လာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE) အဆိုအရ သိရသည်။

အမေရိကန်နိုင်ငံတစ်ဝန်း၌ ဒေသစံတော်ချိန် ညနေ ၄:၂၅ နာရီအထိ ရောဂါဖြစ်ပွားသူဦးရေ ၈.၂ သန်းရှိပြီး သေဆုံးသူ စုစုပေါင်းအရေအတွက် ၂၂၀,၀၂၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း CSSE ၏ ဖော်ပြချက်အရ သိရသည်။နယူးယောက်ပြည်နယ်တွင် သေဆုံးသူဦးရေ ၃၃၃,၆၆၆ ဦးရှိခဲ့ပြီး အမေရိကန်နိုင်ငံ၌ သေဆုံးသူအများဆုံးစာရင်းတွင် ထိပ်ဆုံးရောက်ရှိခဲ့သည်။ တက္ကဆက်ပြည်နယ်သည် ဒုတိယမြောက် သေဆုံးသူအများဆုံးဖြစ်ပြီး ၁၇,၄၆၈ ဦး ရှိနေပြီး ကယ်လီဖိုးနီးယား၊ နယူးဂျာစီနှင့် ဖလော်ရီဒါ စသည့်ပြည်နယ်များတွင် သေဆုံးသူ ၁၆,၀၀၀ ကျော် ရှိနေကြောင်း စာရင်း၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ မက်ဆာချူးဆက် အပါအဝင် အီလီနွိုက်၊ ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာနှင့် မီချီဂန် စသော ပြည်နယ်များတွင်လည်း သေဆုံးသူဦးရေ ၇,၀၀၀ ကျော် ရှိကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးသူဦးရေ အမြင့်ဆုံးဖြင့် ကပ်ရောဂါဖြစ်ပွားမှုဒဏ်ကို အဆိုးဝါးဆုံးခံစားနေရဆဲဖြစ်ပြီး ထိုရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ လူသေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် မေ၂၇ ရက်က သေဆုံးသူစုစုပေါင်း ၁၀၀,၀၀၀ ဦးနှင့် စက်တင်ဘာ ၂၂ ရက်တွင် ၂၀၀,၀၀၀ ဦးတို့ဖြင့် စိတ်မကောင်းဖွယ်ရာ မှတ်တမ်းဝင်ခဲ့သည်။
ထို့အပြင် ဝါရှင်တန်တက္ကသိုလ် Health Metrics and Evaluation အင်စတီကျူ့၏ နောက်ဆုံးခန့်မှန်းမှုအသစ်တစ်ခုတွင် လက်ရှိအလားအလာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အမေရိကန်၌ COVID-19 ကြောင့် သေဆုံးသူ ၃၈၉,၀၈၇ ဦး ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117