Connect with us

News

အိန္ဒိယနိုင်ငံ ဒေလီမြို့တော် ဝန်ကြီးချုပ်က အသက် ၁၈ နှစ်အထက်ရှိသူများအားလုံး COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဟု ကြေညာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အစိုးရဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့တော် ဝန်ကြီးချုပ် Arvind Kejriwal က ၎င်း၏အစိုးရအနေဖြင့် မြို့တော်ရှိ ပြည်သူ့ဆေးရုံများတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများအားလုံးကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၂၆ ရက်က ကြေညာခဲ့သည်။

“ဒေလီအစိုးရက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို ကာကွယ်ဆေးအခမဲ့ထိုးနှံပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့အနေနဲ့ ကာကွယ်ဆေး ၁၃.၄ သန်းကို ဝယ်ဖို့ ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ မကြာခင်ဝယ်ယူရေးနဲ့ ပြည်သူတွေကို အစောဆုံးထိုးနှံပေးဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Kejriwal က ဧပြီ ၂၆ ရက်၌ ဗီဒီယိုမိန့်ခွန်းဖြင့် ပြောခဲ့သည်။
ပုဂ္ဂလိကဆေးရုံများသို့ သွားရောက်သူများအနေဖြင့် COVID-19 ကာကွယ်ဆေးများ ထိုးနှံခြင်းအတွက် အခကြေးငွေ ပေးဆောင်ရမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အစိုးရဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးရန် ပြင်ဆင်နေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ) 

ဖက်ဒရယ်အစိုးရက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းအတွက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မေ ၁ ရက်မှစတင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ဖက်ဒရယ်အစိုးရအနေဖြင့် ကာကွယ်ဆေးများကို ပြည်နယ်များထံ အခမဲ့ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့ရှိ အားကစားရုံတစ်ခုတွင် COVID-19 ကာကွယ်ဆေးထိုးနှံရန် တန်းစီနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အိန္ဒိယနိုင်ငံတစ်ဝန်း ဇန်နဝါရီ ၁၆ ရက်၌ စတင်ဆောင်ရွက်ခဲ့သော COVID-19 ကာကွယ်ဆေးထိုးနှံခြင်းမှာ ဆောင်ရွက်နေဆဲဖြစ်သည်။ ကာကွယ်ဆေးထိုးနှံခြင်း ပထမအဆင့်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် ရှေ့တန်းမှ အလုပ်သမားများအား ဆေးထိုးနှံပေးခဲ့ကြောင်း၊ ဒုတိယအဆင့်တွင်မူ အသက် ၆၀ နှစ်နှင့်အထက်ရှိသူများနှင့် ရောဂါအခံရှိသော အသက် ၄၅ နှစ်နှင့်အထက် ရှိသူများအား ထိုးနှံပေးခဲ့ကြောင်း၊ လက်ရှိတွင်မူ အသက် ၄၅ နှစ်နှင့်အထက်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၄၁ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက်က ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံသည် လက်ရှိတွင် COVID-19 ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၅၂,၉၉၁ ဦးနှင့် သေဆုံးသူ ၂,၈၁၂ ဦးရှိခဲ့ရာ ကမ္ဘာပေါ်၌ နေ့စဉ် ရောဂါဖြစ်ပွာမှုအများဆုံးဖြစ်ခဲ့ကြောင်း ဧပြီ ၂၆ ရက် နံနက်ပိုင်း၌ သတင်းဖော်ပြခဲ့သည်။ (Xinhua)
————————————————-
(English Version)

Indian capital chief minister announces free COVID-19 vaccine for all above 18

NEW DELHI, April 27 (Xinhua) — Delhi Chief Minister Arvind Kejriwal announced on Monday that his government will vaccinate all above 18 years of age free of cost at public hospitals in the Indian capital.
“The Delhi government has decided to provide free vaccines to everyone above 18 years of age. Today we have given the approval for the purchase of 13.4 million vaccines. We will make an effort to ensure that it is purchased soon and administered at the earliest to people,” Kejriwal said in a video address on Monday.
Those going to private hospitals have to pay for their COVID-19 vaccinations.
The federal government said last week vaccination against COVID-19 for everyone above the age of 18 years will start from May 1.
The federal government said that it would continue to provide vaccines to states free of cost.
The COVID-19 vaccination drive launched across the country on Jan. 16 is underway. In the first phase, health workers and frontline workers were inoculated. In the second phase, inoculations were carried on people above 60 years and those above 45 years of age but with co-morbidities. At present, people who are 45-years of age or older are being vaccinated.
So far over 141 million beneficiaries have been vaccinated, the health ministry said Monday.
India is presently witnessing a resurgence in COVID-19 cases.
On Monday morning the country reported the world’s biggest-ever daily surge with 352,991 new cases and 2,812 related deaths in the past 24 hours. ■
1-A woman receives a jab of COVID-19 vaccine at a government hospital in New Delhi, India, on March 16, 2021. (Photo by Partha Sarkar/Xinhua)
2-A health worker prepares a jab of COVID-19 vaccine at a government hospital in New Delhi, India, on March 16, 2021. (Photo by Partha Sarkar/Xinhua)
3-People line up for the COVID-19 vaccine at a stadium in Guwahati, India, on April 22, 2021. (Str/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.