Culture & Entertainment
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းသြင်္ကန်ပွဲတော်တွင် ပါရာမိုတာစီးနင်းသူများ စုပေါင်း၍ အလှပြပျံသန်းမည်

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒုတိယအကြိမ်ကျင်းပမည့် ချင်းတွင်းသဲသောင်ပြင် သြင်္ကန်ပွဲတော်တွင် စက်တပ်လေထီး (ပါရာမိုတာ)စီးနင်းသူများ စုပေါင်း၍ အလှပြ ပျံသန်းမည် ဖြစ်ကြောင်း Myanmar PPG Club မှ သိရသည်။
ချင်းတွင်းသဲသောင်ပြင် သြင်္ကန်ပွဲတော်တွင် စက်တပ်လေထီး (ပါရာမိုတာ)အလှပြစီးနင်း ပျံသန်းခြင်းကို ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တိုင် အလှပြပျံသန်းမည်ဖြစ်ကြောင်း Myanmar PPG ကလပ်မှ သိရသည်။
ပြီးခဲ့သည့်နှစ်က ကျင်းပသည့် ချင်းတွင်းသဲသောင်ပြင်သြင်္ကန် ပွဲတော်တွင်လည်း Myanmar PPG ကလပ်မှ စက်တပ်လေထီး(ပါရာမိုတာ) စီးနင်းသူ ငါးဦး ပထမအကြိမ် သွားရောက်အလှပြ စီးနင်းပျံသန်းခဲ့ကြောင်း၊ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် အဖြစ် လူဦးရေ ၁၀ ဦးခန့် စီးနင်းပျံသန်းမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းခရီးသွားကဏ္ဍမြှင့်တင်ခြင်းအတွက် ထိုင်းနိုင်ငံမှ Asean Paramotoring Club (FLY ASEAN)မှ ပါရာမိုတာမောင်းနှင်ကျွမ်း ကျင်သူများ၊ ပြည်တွင်းမှ ပါရာမိုတာမောင်းနှင် ကျွမ်းကျင်သူများ ပူးပေါင်း၍ ပြီးခဲ့သည့်လများက မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာ များတွင် အလှပြစီးနင်း ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)