Connect with us

Culture & Entertainment

နိုင်ငံတကာ ရုပ်သေးပွဲတော်ကို ဧပြီ ၂ နှင့် ၃ ရက် နေ့တွင် ကျင်းပမည်

ရုပ်သေးရုပ်များ ကပြဖျော်ဖြေသည့်ကိုတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊မတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ ရုပ်သေးပွဲတော်ကို ဧပြီ ၂ နှင့် ၃ ရက်တို့တွင် မန္တလေးမြို့ရှိ အမျိုးသား ဇာတ်ရုံတွင် ကျင်းပမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ မြန်မာရုပ်စုံ သဘင်အသင်းမှ တာဝန်ရှိသူကပြောသည်။

အဆိုပါ ပွဲတော်ကို နံနက် ၉ နာရီမှ စတင်ကာ ည ၉ နာရီထိ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ ရုပ်သေးပွဲတော် တွင် မြန်မာနိုင်ငံမှ ရုပ်သေး ပညာရှင် များနှင့် နိုင်ငံတကာမှ ရုပ်သေး ပညာရှင်များ ပူးပေါင်း၍ ယဉ်ကျေးမှု အနုပညာ လက်ရာများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းပွဲတော်တွင် မြန်မာနိုင်ငံရှိ ရုပ်သေးပညာရှင်များ ဖြစ်သည့် ရန်ကုန်မြို့မှ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့၊ မန္တလေးမြို့မှ မြန်မာ့ရုပ်စုံ သဘင်အသင်း အဖွဲ့နှင့် အင်ဒိုနီးရှား၊ ဂျာမနီ၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံများ၏ရုပ်သေးအဖွဲ့ချုပ်များမှ အနုပညာရှင် ပေါင်းများစွာ လာရောက်၍ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော် တွင် စာတမ်းဖတ်ပွဲများ၊ ဈေးရောင်း ပွဲတော်များ၊ ကျောင်းသူ၊ ကျောင်းသား များ၏ ရုပ်သေး Performance လက်ရာများနှင့် ညပွဲတွင် မြန်မာနိုင်ငံမှ ရုပ်သေး ပညာရှင်အဖွဲ့ တစ်ဖွဲ့နှင့် ပြည်ပမှ ရုပ်သေး ပညာရှင်အဖွဲ့ တို့ ပူးတွဲကျင်းပမည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ပြးီ မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.