Connect with us

Culture & Entertainment

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ၏ ၆၆ နှစ်ပြည့်မွေးနေ့ပွဲ ကို နိုဝင်ဘာလ ၃ ရက်တွင် ရန်ကုန်တိရစ္ဆာန်ဉယျာဉ်တွင် မွေးနေ့ကိတ်ခွဲပြီး ကျင်းပမည်

ဆင်မကြီးမိုမို မွေးနေ့ပွဲတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- htoo zoos and Garden Business unit)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ၏ ၆၆ နှစ်ပြည့်မွေးနေ့ပွဲ ကို နိုဝင်ဘာလ ၃ ရက်တွင် ရန်ကုန်တိရစ္ဆာန်ဉယျာဉ်တွင် မွေးနေ့ကိတ်ခွဲပြီး ထူးခြားသည့်အစီအစဉ်များဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဉယျာဉ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်မှတာဝန်ရှိသူ ဦးမျိုးကျော်သူက “ဆင်မကြီးမိုမိုရဲ့ မွေးနေ့အတွက်ရည်ရွယ်ပြီး နိုဝင်ဘာလ ၃ ရက် နံနက် ဘက်တွင် သံဃာတော်တွေကို ဆွမ်းကပ်မှာပါ’’ ဟုဆင်ဟွာကိုပြောသည်။

မိုမို၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တိရစ္ဆာန်ဉယျာဉ် တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးမျိုးကျော်သူက “ဆင်၊မျောက်၊မြွေ တွေလိုတိရစ္ဆာန်တွေရဲ့ကပွဲတွေလည်းပါမှာပါ’’ ဟုပြောသည်။

ဆင်မကြီးမိုမိုရဲ့ မွေးနေ့ပွဲမှာပါဝင်မည့်အစီအစဉ်များမှာ နိုဝင်ဘာ ၁ရက် နဲ့ ၂ရက်နေ့တွေမှာတော့ အစားအသောက် နှင့် လူသုံးကုန်ပစ္စည်းတွေရောင်းချသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၃ရက်တွင် အဆိုတော် ဖြိုးပြည့်စုံ၊ ဂျူဝယ်၊ လင်းခန့် (The Voice)၊ ရွှေစင် (အိမ်မက်ဆုံရာ)၊ လဖိုင်နန်ရော်(အိမ်မက်ဆုံရာ) တို့က Lucky Hand Band နဲ့အတူဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။ 

ဆင်မကြီးမိုမို မွေးနေ့ပွဲတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ– htoo zoos and Garden Business unit) 

ဆင်မကြီးမိုမို မွေးနေ့ပွဲတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ– htoo zoos and Garden Business unit) 

ဆင်မကြီးမိုမို မွေးနေ့ပွဲတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ– htoo zoos and Garden Business unit) 

မိုမို ၏ မွေးနေ့ဖိတ်စာအားတွေ့ရစဉ် (ဓာတ်ပုံ– ရန်ကုန်တိရစ္ဆာန်ဉယျာဉ်) 

ဟာသလူရွှင်တော် “လင်းလက်ကြယ်စင်” အနုပညာအင်အားစုကလည်း ဟာဒယရွှင်ဆေးတိုက်ကျွေးသွားမည်ဖြစ်ပြီး၊Myanmar Got Talent က မျက်လှည့်ပညာရှင် ဖြစ်တဲ့ Dark Spirit ရဲ့မျက်လှည့်ပြကွက်များ၊ Pro Dancer Group ရဲ့ ကပြမှုတွေနဲ့MC ဇော်ထက်နှင့်အတူတူ Game ဆော့ရမည့်အစီအစဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

အသက်(၇) နှစ်အရွယ်တွင် ကယားပြည်နယ်မှ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရောက်ရှိလာသော ဆင်မကြီးမိုမိုသည် အောက်တိုဘာ ၁၈ ရက်၌ (၆၆)နှစ် ပြည့်ခဲ့ကြောင်းသိရသည်။ 

“မွေးနေ့ရှင်ဆင်မကြီးမိုမိုရဲ့ မွေးနေ့ကိတ်ခွဲမယ့် အစီအစဉ်ကတော့ မပါမဖြစ်မို့ Birthdayသီချင်း အတူတူဆိုပေးဖို့ နိုဝင်ဘာ၃ရက်နေ့ မနက် ၁၀နာရီ အမှီလာပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ ကိတ်မုန့်ပုံစံဒီဇိုင်း ဒီနှစ်မှာ ပြောင်းဖို့ရှိတယ်။ပွဲထွက်တဲ့ပုံစံလည်းနည်းနည်းပြောင်းဖို့ရှိတယ်’’ ဟု ဦးမျိုးကျော်သူက ပြောသည်။  

ဆင်မကြီးမိုမိုသည် ယခင်က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် အ ပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ပြုလုပ်သော ဆင်ကပွဲများတွင် အခြားဆင်များနှင့်အတူ ခန္ဓာ ကိုယ်လှုပ်ယမ်းကပြခြင်း၊ ဘော လုံးကန်ပြခြင်း၊ ဆင်ထိန်းခိုင်းစေ သည့်အတိုင်း အမှိုက်ကောက်ပြ ခြင်းစသည်ဖြင့် ဖျော်ဖြေခဲ့သည်။

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို အသက်(၆၀) ပြည့်နှစ်က စတင်၍ မွေးနေ့အခမ်းအနားကျင်းပခဲ့ပြီး ယင်းအချိန်ကစကာ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခိုင်းခြင်း မပြုတော့ပေ။

ရန်ကုန်တိရစ္ဆာန်ဉယျဉ်တွင် တိရစ္ဆာန်ပေါင်း ၁၃၀ ကျော်ရှိပြီး မိုမိုအပါအဝင် ဆင်မ ၄ ကောင်ရှိကြောင်း သိရသည်။ အသက်၆၆ နှစ်ရှိပြီဖြစ်သည့်မိုမို သည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.