Culture & Entertainment
မဟာသြင်္ကန်ပွဲတော်ကာလအတွင်း မကွေးတိုင်းသေကြီးရှိ မင်းဘူး-သရက် ရထားခရီးစဉ် ခေတ္တရပ်နားမည်

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး ရှိ မင်းဘူး-သရက် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော ရထားခရီးစဉ် ကို ဧပြီလ (၁၃) ရက် (သြင်္ကန်အကြိုနေ့) အထိ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ပြီး ၂၀၁၉-ခုနှစ် မဟာသြင်္ကန်ပွဲတော် ကာလအတွင်း သုံးရက်ရပ်နားမည် ဖြစ်ကြောင်း သိရသည်။
သြင်္ကန်ကာလ ဖြစ်သည့် ဧပြီလ (၁၄)ရက်နေ့ (သြင်္ကန်အကျနေ့) မှ ဧပြီလ (၁၆) ရက်နေ့ (အကြတ်နေ့) အထိ (၃) ရက်ကြာ ရပ်နားသွားမည်ဖြစ်ပြီး ဧပြီလ(၁၇) ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ မင်းဘူး-သရက် ရထားခရီးစဉ်ကို သရက်မြို့ဘူတာမှ နေ့စဉ် နံနက်(၄)နာရီ (၄၅) မိနစ်မှ စတင်ထွက်ခွာပြီး မင်းဘူးဘူတာရုံသို့ နံနက်(၁၀)နာရီခွဲ ရောက်ရှိကြောင်း၊ မင်းဘူးမြို့ဘူတာရုံမှ နေလယ် (၁) နာရီခွဲအချိန်တွင် ပြန်လည်ထွက်ခွာပြီး သရက်မြို့ ဘူတာရုံသို့ ည (၇)နာရီခန့်တွင် ပြန်လည်ရောက်ရှိကြောင်း သိရသည်။
အဆိုပါ မင်းဘူး-သရက် ရထားလမ်းပိုင်းတွင် ဘူတာပေါင်း (၃၁) ခု ရှိပြီး နေ့စဉ် ခရီးသည် ပျမ်းမျှ စုစုပေါင်း (၄၀) ဦးခန့် လိုက်ပါစီးနင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)