Connect with us

Culture & Entertainment

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ကမ္ဘာအဆင့်တစ်နေရာရှိသည့် အမွေအနှစ်များဖြစ် ကြောင်း သက်သေပြမည်

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရေး အစည်းအဝေးကျင်းပစဉ်(ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ကမ္ဘာအဆင့်တစ်နေရာရှိသည့် အမွေအနှစ်များဖြစ်ကြောင်း သက်သေပြလိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်က ပြောကြားသည်။

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၇ခုနှစ်၊ သြဂုတ်လမှစတင်ကာ အဖွဲ့များဖွဲ့စည်းပြီး ၂၀၁၉ခုနှစ်အမီကမ္ဘာ့အမွေအနှစ်စာရင်းအောင်မြင်စွာတင်သွင်းနိုင်ရေးအတွက်ဌာနဆိုင်ရာများ၊ပြည်တွင်းပြည်ပပညာရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့၊ ဒေသတွင်းရှိအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့အမွေအနှစ်များကို ကမ္ဘာအဆင့် ထိန်းသိမ်းမှုများ ဆောင်ရွက်လိုခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက ပိုမိုစိတ်ဝင်စားကာ တန်ဖိုးထားလေ့လာမှု ပိုမိုများပြားလာနိုင်ခြင်း စသည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သလို အဓိကကျသော ပင်မအချက်တစ်ခုမှာ မိမိတို့၏အမွေအနှစ်တို့သည် စစ်မှန်သော ထိန်းသိမ်းစောင့်ရှောက်နိုင်မှုဖြင့် ရေရှည်တည်တံ့စေလိုခြင်းအတွက် နိုင်ငံတကာပညာရှင်များ၊ မိမိတို့နိုင်ငံကကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆွေးနွေးမှုဖြင့် ရလဒ်ကောင်းများရယူလို သည့်ရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြောက်ဦးဒေသတွင်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရေး၊ ကမ္ဘာ့အမွေအနှစ် အဆင့်အတန်းမီဖြစ်ကြောင်း၊ပိုမိုထင်ရှားပေါ်လွင်စေမည့် ရလဒ်အဖြေများကို ပူးပေါင်းညှိနှိုင်းဆုံးဖြတ်ကာ မြောက်ဦးဒေသအတွက်ကောင်းမွန်သောရလဒ်များရယူနိုင်ရန်ဆောင်ရွက်နိုင်မည်ဟုယုံကြည်မိကြောင်းကမ္ဘာ့အမွေအနှစ်စာရင်း အချိန်မီတင်သွင်းနိုင်ရေးနှင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်က ပြောသည်။

၂၀၁၄ခုနှစ်တွင် ပျူမြို့ဟောင်း(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သတ်မှတ်ခံခဲ့ရပြီး ၂၀၁၇ခုနှစ်တွင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း အောင်မြင်စွာ တင်သွင်းနိုင်ခဲ့ပြီးဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.