Connect with us

Culture & Entertainment

ရန်ကုန်တိုင်းဒေသကြီး ရှိဗိုလ်အောင်ကျော်လမ်းအား အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည်

ဗိုလ်အောင်ကျော်လမ်းအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံ တားမြို့နယ်ကြားရှိ ဗိုလ်အောင်ကျော် လမ်းအား ဒီဇင်ဘာ ၂၀ ရက်တွင် ရှေးဟောင်းအမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ရန် စီစဉ်ထားကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

ဗိုလ်အောင်ကျော်ရုပ်တုကို ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂ အဆောက် အအုံရှေ့တွင် ထားရှိရာ ဂျပန်ခေတ်တွင် ပျက်စီးခဲ့ပြီး အုတ်တိုင်သာ ကျန်ရှိကြောင်း သိရသည်။ ဗိုလ်အောင်ကျော်လမ်းကို ဒီဇင်ဘာ ၂၀ ရက်တွင် တပ်ဆင်ရခြင်းမှာ သမိုင်းအဖြစ်အပျက်နှင့် ကိုက်ညီခြင်း၊ ဗိုလ်အောင်ကျော်နေ့ဟု သတ်မှတ်ထားခြင်း စသည့် အကြောင်းအရာများကြောင့် ဒီဇင်ဘာ ၂၀ ရက်တွင်တပ်ဆင်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး အဆိုပါနေ့တွင် အထက(၁)ဗိုလ် တထောင်ကျောင်းကိုလည်း အပြာရောင်ကမ္ပည်းပြားတပ်ဆင်ရန် စီစဉ် ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.