Connect with us

Culture & Entertainment

သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် အတူ မြန်မာ့ လက်မှု မီးပုံးများ ရောင်းအား သွက်နေ

မြန်မာ့ လက်မှု မီးပုံး အမျိုးမျိုးကို ပြုလုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

မြန်မာတို့၏ ရိုးရာ ပွဲတော် တစ်ခု ဖြစ်သော အောက်တိုဘာလတွင် ကျရောက်သည့် သီတင်းကျွတ် မီးထွန်း ပွဲတော် နီးလာသည်နှင့်အတူ ပြည်တွင်း ဈေးကွက်တွင် လက်လုပ် မီးပုံးများမှာ ဝယ်လိုအား များပြားလျက် ရှိနေသည်။

အဆိုပါ လက်လုပ် မီးပုံးများတွင် နေအိမ် အလှဆင် ချိတ်ဆွဲ သည့် မီးပုံး နှင့် ကလေး ကစားစရာ လက်တွန်းလှည်း မီးပုံးများ ပါဝင်ကြပြီး ၎င်းတို့ကို သီတင်းကျွတ် မီးထွန်း ပွဲတော် မတိုင်မီကတည်းက အသက်အရွယ် အတန်းအစား မရွေး ဝယ်ယူ အားပေးနေကြသည်ကို တွေ့ရသည်။

“အရင်က ဈေးကွက်ထဲမှာ ပြည်ပက တင်သွင်းတဲ့ မီးပုံးတွေ နေရာယူလိုက်တော့ ပြည်တွင်း လက်လုပ် မီးပုံးတွေရဲ့ ဈေးကွက်က အေးစက်သွားပါတယ်။အဲဒီ နောက်ပိုင်းမှာ လူတွေက မြန်မာ့ ရိုးရာ လက်မှုအနုပညာ လက်ရာတွေတွေကို နှစ်သက် တန်ဖိုး ထားလာတာကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက လက်လုပ် မီးပုံးတွေ ရောင်းအား ပြန်တက်လာပါတယ်။”ဟု ရိုးရာ မီးပုံးများ လုပ်ကိုင်နေသူ ကိုဝင်းမြင့်က ဆင်ဟွာသို့ ပြောသည်။

“ပုံမှန်အားဖြင့်တော့ နှစ်တိုင်း လက်လုပ် မီးပုံး ၁၅,၀၀၀ လောက် ရောင်းရပါတယ်။ဒီနှစ်လည်း အခုထိ ကစားစရာ လက်တွန်းလှည်း မီးပုံး နဲ့ အလှဆင် မီးပုံး ရှစ်ထောင်ကျော်လောက် ရောင်းပြီးသွားပါပြီ။”ဟု ၎င်းက ပြောသည်။

ကိုဝင်းမြင့်၏ မိသားစု စီးပွားရေး မီးပုံး လုပ်ငန်း၏ သက်တမ်းမှာ နှစ်ပေါင်း ၄၀ ကျော် ရှိနေပြီ ဖြစ်ကာ ကိုဝင်းမြင့်မှာ ဒုတိယ မျိုးဆက် အဖြစ် မီးပုံးများအား လုပ်ကိုင်လာသည်မှာ နှစ် ၂၀ ကျော် ရှိလာပြီ ဖြစ်သည်။

 “မိသားစုဝင်က နည်းတဲ့ အတွက်ကြောင့် ကစားစရာ မီးပုံး ပုံစံ ခုနှစ်မျိုးလောက်ပဲ လုပ်နိုင်တယ်။မီးပုံးတွေ လုပ်တဲ့ နေရာမှာလဲ အိမ်နီးချင်းတွေက ကူညီကြပါတယ်။ကျွန်တော်တို့ဆီကို လမ်းဘေးမှာ ရောင်းချတဲ့သူတွေတင် မဟုတ်ဘူး ကုမ္ပဏီတွေကလည်း မီးပုံးတွေမှာ သူတို့ ကုမ္ပဏီ အမှတ်တံဆိပ်တွေနဲ့ မှာယူတာတွေ ရှိပါတယ်။”ဟု ကိုဝင်းမြင့်က ရှင်းပြခဲ့သည်။

မြန်မာ့ ရိုးရာ လက်လုပ် မီးပုံးများ၏ အဓိက ကုန်ကြမ်း အဖြစ် ဝါး ကို အသုံးပြုကာ ကွဲပြားခြားနားသော ပုံစံဒီဇိုင်းများအား ဖန်တီးပြုလုပ်ကာ အခြေခံအားဖြင့် ဝါးများကို အသုံးပြု၍ ရွေးချယ်ထားသော ပုံစံ မျိုးစုံ ပုံဖော်ကြောင်း သိရသည်။

အလှဆင် ချိတ်ဆွဲသည့် မီးပုံးများနှင့်အတူ ကလေးများကို အဓိက ရည်ရွယ်သည့် ကစားစရာ လက်တွန်း မီးပုံးများသည်လည်း ဈေးကွက်တွင် ချဲ့ထွင် နေရာယူလာကြကာ ကစားစရာ လက်တွန်း မီးပုံးများတွင် ယုန်ရုပ် ၊ ကြက်ရုပ် ၊ ငါးရုပ် ၊ ဒေါင်းရုပ် ၊ လေယာဉ် အရုပ် နှင့် အခြားပုံသဏ္ဍန် အမျိုးမျိုး ရှိပြီး ရောင်စုံ စက္ကူများဖြင့် အလှဆင်ထားသည်။

ရိုးရာ လက်လုပ် မီးပုံး လုပ်ကိုင်သူ အများစုသည် သီတင်းကျွတ် မီးထွန်း ပွဲတော် မတိုင်မီ သုံးလခန့်တွင် လုပ်ငန်းများ စတင် လုပ်ကိုင်ကြကြောင်း သိရသည်။

တစ်ချို့သော အရောင်းဆိုင်များသည် မီးပုံး လုပ်ကိုင်သူများထံမှ မီးပုံးများ ဝယ်ယူပြီး ပြန်လည် ရောင်းချရာတွင် ဆွဲဆောင်မှု ရှိစေရန် မီးသီးများဖြင့် ထပ်မံ အလှဆင်ပြီး ရောင်းချခြင်းများ ရှိကြသည်။

ကစားစရာ လက်တွန်းလှည်း မီးပုံးများကို လိုက်လံ ရောင်းချနေသူ ကိုအောင်အောင်က “ယုန်ရုပ် ကစားစရာ လက်တွန်းလှည်းကတော့ အရောင်းရဆုံးပါပဲ။ကလေးတွေကလဲ ကျွန်တော်ကို တွေ့ရင် ပျော်ကြပေမယ့် ကလေးမိဘတွေကတော့ မပျော်နိုင်ကြပါဘူး။”ဟု ရယ်ရယ်မောမောဖြင့် ပြောပြခဲ့သည်။

ကလေးမိဘများ အနေဖြင့် ပိုက်ဆံ ကုန်ကျမှု ပိုများလာစေမည့် အခြေအနေကို နားလည်ပါကြောင်း ၊ တစ်ခါက ဆိုလျှင် ကလေးငယ် တစ်ဦးမှာ မိမိ ရောင်းသည့် မီးပုံး ပုံစံများ အားလုံးကို လိုချင်နေပြီး သူ၏ မိခင်အား ငိုယိုပူစာခဲ့ရာ နောက်ဆုံးတွင် ၎င်းတို့အတွက် ကစားစရာ လက်တွန်း မီးပုံး နှစ်ခု ဝယ်ယူသွားကြောင်း ကိုအောင်အောင်က အမှတ်တရ တစ်ခုကို ပြန်ပြောင်း ပြောပြခဲ့သည်။ 

သီတင်းကျွတ် မီးထွန်း ပွဲတော်အား ရိုးရာ အစဉ်အလာ အရ သုံးရက်ကြာ ကျင်းပ ပြုလုပ်ရာ မိုးရာသီ ပြီးဆုံးချိန် မြန်မာ ပြက္ခဒိန် အရ လခုနှစ်လ၏ ၁၅ ရက်မြောက်နေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သည်။

ပွဲတော် ကာလ အတွင်း နေအိမ် အားလုံးနီးပါးတွင် စက္ကူမီးပုံးများ ချိတ်ဆွဲ အလှဆင်ထားခြင်းများနှင့် ကလေးငယ်များမှာ လက်တွန်းလှည်း မီးပုံးများနှင့်အတူ လမ်းများပေါ်တွင် သွားလာ ဆော့ကစား နေမှုများ ကိုလည်း တွေ့မြင်နိုင်သည်။

ထို့အတူ စေတီပုထိုးများ ၊ ဘုရားကျောင်းများ နှင့် ဘုန်းကြီးကျောင်းများတွင် ဘုရားဖူးသူများဖြင့် ပြည့်နှက်နေပြီး ဘုရား နှင့် နေအိမ်များ တစ်ဝိုက်တွင် ဖယောင်းတိုင်များ ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ကြသည်။

ရိုးရာ ပွဲတော် အစဉ်အလာ အရ မြန်မာတို့သည် မိဘ ၊ ဘိုးဘွား ၊ ဆရာသမားများ နှင့် သက်ကြီးရွယ်အိုများကို ရိုသေလေးစားစွာဖြင့် ဂါရဝပြု ကန်တော့ခြင်းများ ပြုလုပ်ကြသည်။

သီတင်းကျွတ် မီးထွန်း ပွဲတော်သည် ဗုဒ္ဓ မြတ်စွာဘုရား၏ တရားတော်များနှင့် အညီ မကောင်းမှုကို ရှောင်ပြီး ကောင်းမှုကို ဆောင်ရန် အတွက် အစဉ်အလာ ကျင်းပကြခြင်း ဖြစ်သည်။(Xinhua)