Connect with us

Culture & Entertainment

ခေတ်ဟောင်း မွန်ရိုးရာ ဂီတ တူရိယာ တီးမှုတ်ခြင်း အတတ်ပညာ တီးမှုတ်နိုင်သူ နည်းပါးလာ

မွန်တိုင်းရင်းသားနှစ်ဦးမှ မွန်အမျိုးသားနေ့တွင် ကပြဖျော်ဖြေနေစဉ် (ဆင်ဟွာ)

မွန်တိုင်းရင်းသားနှစ်ဦးမှ မွန်အမျိုးသားနေ့တွင် ကပြဖျော်ဖြေနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ခေတ်ဟောင်းမွန်ရိုးရာဂီတတူရိယာတီးမှုတ်ခြင်း အတတ်ပညာသည် ယခုအခါတီးမှုတ်နိုင်သူနည်းပါးလာပြီး တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း မွန်တိုင်းရင်းသားယဉ်ကျေးမှုှုဆိုကရေးတီးပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဒုတိယဥက္ကဌ နိုင်ကျန်ရစ်က ဆင်ဟွာကို ပြောသည်။

မွန်ရိုးရာတူရိယာများဖြစ်သည့် မိကျောင်း၊ ပုလွေကြီး၊ ပတ္တလား၊ လခြမ်း တူရိယာများမှာ တီးတတ်သူ တဖြည်းဖြည်းနည်းပါးလာနေသည် ဟု၎င်းက ပြောသည်။

အကယ်၍ လက်ဆင့်ကမ်း သင်ကြားနိုင်ခြင်း မရှိခဲ့လျှင် ရှေးဟောင်း မွန်ရိုးရာဂီတ တူရိယာတီးမှုတ်ခြင်း အတတ်ပညာသည် နောက်မျိုးဆက် တစ်ဆက် လောက်မှာပင် တိမ်ကောပပျောက်သွားနိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

“လူငယ်တွေက ရှေးဟောင်းတူရိယာ အမွေအနှစ်ဖျော်ဖြေမှုကို စိတ်မဝင်စားကြတော့ဘူး။ အလကားပေးတာတောင် မကြည့်ကြတော့ဘူး။ ထိန်းသိမ်းဖို့ဆိုတာ ဝေးပါတယ်။” ဟု မွန်ပြည်နယ် အရပ်ဖက်လူ့အဖွဲ့အစည်းမှာ လှုပ်ရှားနေသူ ကိုမောင်ဇော်ကပြောသည်။

ရန်ကုန်မှာဖွင့်တဲ့ ယဉ်ကျေးမှုတက္ကသိုလ်လိုမျိုး၊ အနုပညာနဲ့ပတ်သက်ပြီး သင်ပေးတဲ့ကျောင်းမျိုး၊ မွန်ပြည်နယ်မှာ ဖွင့်လှစ်ပါမှ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်းမွန်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပေးသည်။

မွန်ပြည်နယ်တွင် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပသည့်အခါမှာ မွန်ရှေးဟောင်းတူရိယာကို တီးခတ်နိုင်တဲ့ ရွာက တစ်ရွာသာရှိပြီး၊ အဆိုပါတစ်ရွာမှာ လည်း မွန်ရှေးဟောင်းတူရိယာ တွေဖြစ်တဲ့ မိကျောင်း၊ ပုလွေကြီး၊ ပတ္တလား၊ လခြမ်း တူရိယာများကို တီးခတ်နိုင်သူက ၁၀ ယောက်အောက်သာရှိတဲ့အတွက် ပြိုင်ပွဲမှာ ဝင်ပြိုင်မည့် အခြားသော မြို့နယ်များမရှိကြောင်း နိုင်ကျန်ရစ်ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.