Connect with us

Culture & Entertainment

ကမ္ဘာ့အချောအလှဆုံး အဆင့် ငါး နှင့် ခြောက်နေရာတွင် မြန်မာ အလှမယ် (၂)ဦး ရွေးချယ်ခံရ

အလှမယ် ဟန်သီ (ဘယ်) နှင့် အိန်ဂျယ်လမောင် (ညာ) တို့၏ ပုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ကမ္ဘာ့အချောဆုံး အလှမယ်ပြိုင်ပွဲ (Most Beautiful of the Year 2014) ၏ ထိပ်ဆုံး အလှမယ် အဆင့် ငါး (Fourth Runner- up) နှင့် အဆင့်ခြောက် (Fifth Runner – up) နေရာ တို့ကို မြန်မာ အလှမယ် နှစ်ဦး ရရှိခဲ့ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီ၏ Facebook စာမျက်နှာတွင် တရားဝင် ကြေညာထားသည်။

Miss Intercontinental Myanmar 2014 ဆုကိုရရှိခဲ့သည့် အိန်ဂျယ်လမောင် နှင့် Miss Supranational Myanmar 2014 ဆုကို ရရှိခဲ့သည့် ဟန်သီ တို့နှစ်ဦးက ၎င်းဆုများ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးရလဒ်အနေဖြင့် Miss Beautiful of the Year 2014 ဆုကို Miss Colombia Universe မှ ရရှိခဲ့ပြီး First Runner – up ကို Miss USA Supranational ၊ Second Runner – up ကို Miss South Africa (Miss World 2014 winner) Third Runner – up ကို Miss France Universe တို့ရရှိခဲ့ကြသည်။

The Beauty Concept မှ ၂၀၁၄ ခုနှစ် အတွင်း နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသော အလှမယ် ၆၀၀ ကျော် အနက်မှ ကမ္ဘာ့ အချောအလှဆုံး Top 100 , Top 50, Top 25, Top 12 အဆင့်ဆင့် ရွေးချယ်လာခဲ့ပြီး နောက်ဆုံး စကာတင် (၇) ဦးတွင် မြန်မာ အလှမယ် (၂) ဦး ရွေးချယ်ခံခဲ့ ရခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.