Culture & Entertainment
နိုင်ငံတကာမှ DJ ပညာရှင် များ ပါဝင်ဖျော်ဖြေမည့် Together Festival Yangon ဖျော်ဖြေပွဲကျင်းပမည်

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
နိုင်ငံတကာမှ DJ ပညာရှင် အများအပြား ပါဝင်ဖျော်ဖြေမည့် Together Festival Yangon ဖျော်ဖြေပွဲကို ဧပြီ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ရန်ကုန်မြို့ရှိ Thuwunna Bhumi Event Park ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖျော်ဖြေပွဲကို နယ်သာလန်နိုင်ငံမှ နာမည်ကြီး DJ ပညာရှင်နှစ်ဦး ပါဝင်သော W & W အဖွဲ့နှင့် ကမ္ဘာ့အဆင့် DJ ပညာရှင်တစ်ဦးဖြစ်သော Marshmello တို့က ဦးဆောင်ဖျော်ဖြေသွားမည်ဖြစ်သည်။
အဆိုပါအဖွဲ့တွင် International Supporting များအဖြစ် Borgeous Lost Frequencies နှင့် Sick Individuals တို့ပါဝင်မည်ဖြစ်ပြီး Local Supporting များအဖြစ် Biggy X Hane ၊ Dynamites နှင့် The Bugbearsတို့ ပါဝင်တင်ဆက်မည်ဖြစ်သည်။
W & W အဖွဲ့သည် ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ့ဂီတလောကသို့ စတင်ရောက်ရှိခဲ့ပြီး Mustang သီချင်းဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ ဂီတပရိသတ်များ၏ အားပေးမှုကို ရထားသောအဖွဲ့ဖြစ်သည်။ (Xinhua)