Culture & Entertainment
ပန်းတော့အထိမ်းအမှတ် အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ထုတ်ဝေမည်
ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာ့စာတိုက်လုပ်ငန်း က ပန်းတော့အထိမ်းအမှတ် အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၄)ရက်၊ မြန်မာ သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင် လဆုတ်(၂)ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်း ဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် က ပြောသည်။
“ရည်ရွယ်ချက်ကတော့ မြန်မာ့ယဉ်ကျေးမှု သုခုမအနု ပညာရပ်တွေကို မျိုးဆက်သစ် လူငယ်တွေ သိရှိနိုင်ဖို့ အတွက် အခုလိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် စက်တင်ဘာ (၄) ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (First day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)