Connect with us

Education & Health

ကျေးရွာများတွင် ရွေ့လျားဆေးအဖွဲ့ဖြင့် အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ရေး ညှိနှိုင်း

Mobile Medical Team ဖြင့် ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ရေး အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံသားတိုင်းကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် Mobile Medical Team ဖြင့် ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော နေရာဒေသများသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းရောက်ရှိစေရေးနှင့် ပြည်သူအများစု လက်လှမ်းမှီသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပေါ်ပေါက်လာစေ ရေးအတွက် ရွေ့လျားဆေးအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ရွေ့လျားဆေးအဖွဲ့ ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများ၏ လိုအပ်ချက်များ ကို ပိုမိုတုံ့ပြန် ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ ကျန်းမာရေးစနစ်ကို ပိုမိုအထောက် အကူပြုနိုင်ခြင်း၊ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ခြင်းနှင့် ဆောလျင်စွာ ကုသပေးနိုင်ခြင်း၊ သာမာန်ရောဂါများကို ကုသပေးခြင်းကြောင့်လည်း တောရွာနေပြည်သူများ၏ လုပ်ငန်းဆောင်တာများ မထိခိုက်စေခြင်း၊ လိုအပ်ပါက အချိန်မီလွှဲပြောင်း ကုသပေးနိုင်ခြင်းတို့ကို ပိုမိုဆောင် ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အသက်အန္တရာယ်ရှိသော အခြေအနေရှိသည့် လူနာများကို စောစီးစွာကုသပေးနိုင်ခြင်းဖြင့် မသေသင့်သည့် လူနာများ မသေဆုံးရခြင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်နိုင်သည့်အတွက် တောရွာနေပြည်သူများ၏ ကျန်းမာရေးအသိပညာများ တိုးပွားလာပြီး ပိုမိုကျန်းမာလာစေနိုင်ခြင်း စသည့်အကျိုး ရလဒ်များ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.