Connect with us

Education & Health

ဆေးဝါးအတုနှင့် သက်တမ်းလွန်ဆေး ကျပ်သန်း ၂,၈၀၀ ကျော်ဖိုး ဖမ်းမိ

ဖမ်းဆီးရမိသော ဆေးဝါးတုများကို တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Industry)

နေပြည်တော်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

BPI ဆေးဝါးအတုများနှင့် သက်တမ်းလွန် ဆေးဝါးများ စုစုပေါင်း ကျပ် ၂ ဒသမ ၈၀၇ ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့သည်ဟု စက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က နေပြည်တော် စက်မှုဝန်ကြီးဌာနတွင် ယနေ့နံနက် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့သည်။

“သြဂုတ်လ ၃၁ ရက်နေ့ကစပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင် မသင်္ကာဖွယ် ဆေးဝါးအတုများကို ဖမ်းဆီးခဲ့ရာ BPI ဆေးဝါး အတုများနှင့် သက်တမ်းလွန် ဆေးဝါးများ စုစုပေါင်း ကျပ် ၂ ဒသမ ၈၀၇ ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့ပါတယ်” ဟု အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။
ဆေးပြား ၂၉ မျိုး၊ ဆေးဆီ၊ ဆေးရည်၊ ဆေးမှုန့်ခြောက်မျိုး၊ လိမ်းဆေးရည် လေးမျိုး၊ ဆေးမှုန့် တစ်မျိုးနှင့် ထိုးဆေး လေးမျိုး စသည့် ဆေးဝါးအတု ၄၄ မျိုးနှင့် ဆေးပြား တံဆိပ်အတု ရှစ်မျိုး၊ လိမ်းဆေး တံဆိပ်အတု နှစ်မျိုးနှင့် ထိုးဆေး တံဆိပ်အတု ရှစ်မျိုး၊ သက်တမ်းလွန် ဆေးဝါး ၉၈ မျိုးနှင့် သံသယဖြစ်ဖွယ် ဆေးဝါး ၂၁ မျိုးတို့ သိုလှောင်ထားခြင်းကို လည်းကောင်း၊ ဆေးဝါး တံဆိပ်အတုများ ပြုလုပ်ရာတွင် အသုံးပြုသော ဖလင်ပြားများနှင့် ကုန်ကြမ်းများ ဖြစ်သည့် Gripe Mixture သောက်ဆေးရည်အတု၊ Glucose ဆေးမှုန့်အတုနှင့် အရက်ပြင်းများကိုလည်းကောင်း သိမ်းဆည်းရရှိခဲ့ပြီး စက်မှုဝန်ကြီးဌာနသည် ဆေးဝါးအမယ်သစ်များ တိုးချဲ့ထုတ်လုပ်သွားရန် ဈေးကွက် သုတေသန ပြုလုပ်စဉ် ဈေးကွက်အတွင်း မသင်္ကာဖွယ် ဆေးဝါး အတုများကို သတိပြုမိခဲ့ပြီး ဆက်လက် စုံစမ်း လေ့လာခဲ့ရာမှ ယခုကဲ့သို့ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဆေးဝါးအမယ်သစ်များ တိုးချဲ့ထုတ်လုပ်ရန်အတွက် New BPI Project ကို ၂၀၁၃ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ရာ ယခု ၉၉ ရာခိုင်နှုန်း လုပ်ငန်း ပြီးစီးလျက် ရှိကြောင်းနှင့် မကြာမီကာလအတွင်း BPI ဆေးအမယ်သစ်များ တိုးချဲ့ထုတ်လုပ်တော့မည် ဖြစ်ကြောင်းလည်း အမြဲတမ်း အတွင်းဝန်ဦးကိုကိုလွင်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.