Connect with us

Education & Health

BPI သက်တမ်းလွန်ဆေးဝါးနှင့် ဆေးတုများ ဖြန့်ချိရောင်းချသူ ၁၄ ဦးကို ထိရောက်စွာအရေးယူမည်

ဈေးကွက်အတွင်း ဖမ်းဆီးရမိသော သက်တမ်းလွန် ဆေးဝါးအတုများအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

BPI သက်တမ်းလွန်ဆေးဝါးနှင့် ဆေးတုများ ဖြန့်ချိရောင်းချသူ ၁၄ ဦးကို ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်၌ စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျင်းပသော အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောကြားသည်။

ဈေးကွက်တွင်းသက်တမ်းလွန် BPI ဆေးဝါးများနှင့် ဆေးဝါးအတုများ ရောင်းချနေခြင်းကို အရေးယူဆောင်ရွက်ရာ နေရာ ၁၁ နေရာ ရှိ ဆေးဆိုင်နှင့် ဆေးသိုလှောင်ရုံ ၂၂ ရုံ တို့အား စီးနင်းရှာဖွေခြင်းပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ စီးနင်းရှာဖွေမှုများပြုလုပ်ခဲ့ရာတွင် BPI ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများ၊ BPI တံဆိပ်တုမျိုးစုံစာရွက်များ၊ ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုသော ဓာတုဆေးရည်များ၊ ဆေးဝါးထုပ်ပိုး ရာတွင် အသုံးပြုသည့် အိတ်ပိတ်စက်နှင့် ဆေးရေတွက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ တံဆိပ်တုရိုက်ပုံနှိပ်စက်၊ စက္ကူဖြတ်စက်နှင့် နဂ္ဂတစ်ဖလင်ပြားများ စုစုပေါင်း ကာလတန်ဖိုးငွေကျပ်သိန်း ၂၈,၀၀၀ ကျော် ဖိုး သိမ်းဆည်းရမိခဲ့ပါကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

အဆိုပါ သိမ်းဆည်းရမိသော ဆေးဝါးများအား BPI ဆေးဝါးစက်ရုံနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သို့ ပေးပို့စိစစ်ခဲ့ရာတွင် သိမ်းဆည်းရမိဆေးဝါးများမှာ ဆေးဝါးအတုနှင့် သက်တမ်းလွန်ပျက် စီးဆေးဝါးများဖြစ်ကြောင်း ပြန့်ကြားခဲ့သဖြင့် ပြစ်မှုကျုးလွန်ခဲ့ကြသည့် ဆေးဝါးအ တုလက်ဝယ်ထားရှိခြင်း၊ ပြုလုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ခဲ့ကြသည့် ဆက်စပ်သူ ၁၄ ဦးကို သက်ဆိုင်ရာနယ်မြေရဲစခန်းအသီးသီးတွင် ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈/ရာဇ သတ်ကြီးပုဒ်မ (၁၀၉) အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.