Connect with us

Education & Health

ပညာရေးကဏ္ဌ၌တည်ဆောက်ရေးလုပ်ငန်းများအတွက် ယမန်နှစ်ထက် နှစ်ဆကျော်သုံးစွဲခဲ့ဟုဆို

ညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ)

ပညာရေးဝန်ကြီးဌာနသည် တည်ဆောက်ရေးလုပ်ငန်းများအတွက် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၈၇ ဒသမ ၅၈၇ ဘီလျံကျော် သုံးစွဲခဲ့ရာ ယမန်နှစ်ကထက် နှစ်ဆကျော် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ညနေ သတင်းစာ ရှင်းပွဲတွင် ပြောကြားခဲ့သည်။

“၂၀၁၇ – ၁၈ မှာ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၆၀ အတွက် ကျပ်သန်း၂၈၉၀၁ ဒသမ ၂၂၄၊ နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ် ၄၂ ခုအတွက် ကျပ်သန်း ၄၈၇၃၄ ဒသမ ၂၄၊ ပညာရေးကောလိပ်များ ၃၂ ခုအတွက် ကျပ်သန်း၉၉၅၁ ဒသမ ၈၀၅ – အဆောက်အအုံ ၁၃၄ ခုအတွက် စုစုပေါင်း ကျပ်သန်း ၈၇၅၈၇ ဒသမ ၂၆၉ သန်း သုံးစွဲခဲ့ပါတယ်” ဟု၎င်းက ပြောခဲ့သည်။ ယမန်နှစ် ၂၀၁၆ – ၁၇ က အဆောက်အအုံပေါင်း ၁၃၆ ခုအတွက် ကျပ်သန်း ၄၁၈၄၀ ဒသမ ၉၉၁ သန်း သုံးစွဲ့ခဲ့ကြောင်း သိရသည်။

အဆင့်မြင့်ပညာ ကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်ပြီး ၎င်းက “ကျောင်းသား ဦးရေက နှစ်စဉ်တိုးလာပါတယ်၊ ၂၀၁၅ – ၁၆ ပညာသင်နှစ်မှာ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ ၆၃၆၆၀၅ ဦး၊ နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်တွေမှာ ၇၆၇၄၈ ဦး၊ ပညာရေးကောလိပ်တွေမှာ ၁၃၀၅၀ဦး — စုစုပေါင်း ၇၂၆၄၀၃ ဦး၊ ၂၀၁၆ – ၁၇ ပညာသင် နှစ် ကျတော့ —စုစုပေါင်း ၈၃၅၄၃၃ သီး၊ ၂၀၁၇ – ၁၈ ပညာသင်နှစ်ကျတော့ — စုစုပေါင်း ၈၇၉၀၅၁ ဦး ဖြစ်လာပါတယ်” ဟု ရှင်းပြခဲ့သည်။

ထို့အပြင် အဆင့်မြင့်ပညာ ကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှု အရ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၃၃ကျောင်းတို့အနက် ၅၃ ကျောင်းတွင် ဆရာအသင်း / အဖွဲ့ချုပ် ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း၊ ၉၀ ကျောင်းတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း ပြီးစီးခဲ့ကြောင်းလည်း ပညာရေး ဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.