Connect with us

Education & Health

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ အစာအဆိပ်သင့်ဖြစ်ပွား၍ ၈ ဦး ဆေးရုံတက်ကုသခံယူမှု ဖြစ်ပွား

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ အစာအဆိပ်သင့်ဖြစ်ပွား၍ ၈ ဦး ဆေးရုံတက်ကုသခံယူမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ၀၈း၀၀ နာရီအချိန် တောင်သာမြို့နယ် မြေဖြူကုန်းကျေးရွာ၌ အလှူရှင် ဦးသန်းရွှေ မိသားစုတို့မှ ရွာဦးစေတီ ဆွမ်းလောင်းပွဲ၌ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ ၎င်းကျေးရွာနေ ဦးကျော်ထွန်း အပါအဝင် ၉၂ ဦး မှာ အစာအဆိပ်သင့်မှု (ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်နာ၊ ဖျားနာ)ဖြစ်ပွားခဲ့သဖြင့် ၎င်းကျေးရွာ၌ ဆေးကုသပေးခဲ့ပြီး ၁၆း၀၀နာရီ အချိန်တွင် အစာအဆိပ်သင့်သူ ၉၂ ဦးအနက် သူထူးအောင် (၁၃)နှစ် အပါအဝင် ၈ ဦး(ကျား ၄၊မ ၄)တို့အား(မစိုးရိမ်ရ)ဖြင့် တောင်သာပြည်သူ့ဆေးရုံသို့ တင်ပို့ကုသ လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.