Connect with us

Education & Health

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ စာမတတ်သူ သုံးသန်းကျော် ရှိနေသေး

စာတတ်မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ စာမတတ်သူ သုံးသန်းကျော် ရှိနေသေး သောကြောင့် ၂၁ ရာစုအတွင်း စာမတတ်သူ မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စာတတ်မြောက်ရေး နှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ထံမှ သိရသည်။

မြန်မာနိုင်ငံ၌ စာမတတ်သူ မရှိစေရေး အတွက် ၂ဝ၁၃ ခုနှစ်မှ စတင်၍ အ-သုံးလုံး လုပ်ငန်းကို နိုင်ငံတော် အစိုးရ ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက် ရှိပြီး စီမံကိန်းအရ ကယားပြည်နယ် တစ်ခုလုံးကို စာတတ်မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ စာမတတ်သေးသူ များအတွက် စာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်စဉ် စာသင်သားများ အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များနှင့် ဗလာစာအုပ်များ ဝေငှခြင်း၊ တိုးချဲ့မြို့နယ်များ သတ်မှတ်ပြီး အ-သုံးလုံး လုပ်ငန်းများကို နိုင်ငံတော် အစိုးရ၏ လုပ်ငန်းစဉ်အဖြစ် နည်းပညာ ပံ့ပိုးမှုများ ပေးခြင်းအပြင် ကျောင်းနေ အရွယ်ကလေးများ ကျောင်းမနေနိုင် ပါက ကျောင်းပြင်ပ ပညာရေးအဖြစ် သင်ကြားပေး ခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာပေါ်၌ လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်ရှိသည့် အနက် စာမတတ်သူ ဦးရေမှာ သန်း ၈ဝဝ ခန့်ရှိကြောင်း ကမ္ဘာ့စာတတ်မြောက်ရေး နေ့တွင် ယူနက်စကို၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.