Connect with us

Education & Health

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့်ခေတ္တပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်အမ်းမြို့နယ်တွင် ရေကြီးမှုကြောင့် ကားတစ်စီးရေထဲမျောပါသွားစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် ဇွန် ၈ ရက်မှ ၁၄ ရက်အထိ မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း ၃၉၅ ကျောင်းကို ခေတ္တပိတ်ထားခဲ့ရာ ဇွန် ၁၈ ရက်တွင် ကျောင်းများ အားလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံမှု ဖြစ်စဉ်များအတွင်း အထက်တန်း ကျောင်း ၂၉ ကျောင်း၊ အလယ်တန်းကျောင်း ၁၈၄ ကျောင်း၊ မူလတန်းကျောင်း ၁၈၂ ကျောင်း ခေတ္တပိတ်ထားခဲ့ ရပြီး ဖြစ်စဉ်ကြောင့် သင်ကြားရေးဆိုင်ရာ အထောက်အကူ ပြုပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့် စာရင်းများကို ကောက်ယူကာ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ထားကြောင်းသိရသည်။

ရခိုင်ပြည်နယ်သည် မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများသည့်ဒေသဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသွားရာတွင် မြစ်ကူး ချောင်းခြားသွားလာရခြင်းများရှိ၍ သဘာဝဘေး အန္တရာယ်နှင့် အခြားသောမတော်တဆမှုများကြောင့် သေဆုံးဒဏ်ရာရမှုမရှိစေရန် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များက ထောက်ပံ့လှူဒါန်းထားသည့် အသက် ကယ်ဝတ်စုံများကို ကျောင်းသားဦးရေအလိုက် ဖြန့်ဝေ ပေးထားပြီး ကျောင်းသား ကျောင်းသူများ သွားလာရေး အတွက် ဝန်ဆောင်မှုပေးနေသည့် ရေယာဉ်အသင်းအဖွဲ့ များအား စနစ်တကျသုံးစွဲရန် ပညာပေးမှုများကို ဆောင်ရွက်ပေးခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမ များကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကြေးမုံသတင်း တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.