Connect with us

Education & Health

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်း လုပ်ငန်းဆိုင်ရာ ဗဟိုအဆင့်စာမေးပွဲကြီးကြပ်ရေးမှူးသင်တန်းကျင်းပ

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်း လုပ်ငန်းဆိုင်ရာ ဗဟိုအဆင့်စာမေးပွဲကြီးကြပ်ရေးမှူးသင်တန်းကျင်းပစဉ် (ဓာတ်ပုံ--ပညာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ဗဟိုအဆင့်စာမေးပွဲကြီးကြပ်ရေးမှူးသင်တန်းကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း သိင်္ဂ ီမြိုင်ခန်းမ၌ ကျင်းပခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတင်ညိုက အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာန ကထိက ဒေါက်တာ နုနုခိုင်က Standardized Testing of N.F.P.E Programme နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေး စိတ်ပညာဌာန ကထိက ဒေါ်ခင်မျိုးသိန်းက မြန်မာစာ တတ်မြောက်မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာ ရေးစိတ်ပညာဌာန ကထိက ဒေါက်တာမိုးမိုးနိုင်က သင်္ချာတတ်မြောက်မှုစစ်ဆေးခြင်းနှင့် စပ် လျဉ်း၍လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာန ပါမောက္ခ ဒေါက်တာခင်ပြုံးရီက အင်္ဂလိပ်စာတတ်မြောက်မှုစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ပို့ချ ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ ထူးထူးအောင်က အထွေထွေတတ်မြောက်မှုစစ်ဆေးခြင်းနှင့်စပ် လျဉ်း၍ လည်းကောင်း၊ မြန်မာ နိုင်ငံစာတတ်မြောက်ရေးအထောက် အကူပြုပင်မဌာန စီမံချက်မန်နေဂျာ ဦးထွန်းကြည် က စာရင်းဇယား များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြပြီး သင်တန်းသို့တက်ရောက် လာကြသူများက အကြံပြု ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ဗဟိုအဆင့် စာမေးပွဲကြီးကြပ်ရေးမှူးသင်တန်းသို့ တိုင်း ဒေသကြီးနှင့်ပြည်နယ်များမှ ဆရာ ဆရာမ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.