Education & Health
တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း ကျောင်းသားကျောင်းသူ လေးသောင်းကျော် ဖြေဆိုမည်

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)
တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း ကျောင်းသားကျောင်းသူ လေးသောင်းကျော် ဖြေဆိုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ စာမေးပွဲကို ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၂ ခုဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်စာမေးပွဲကို အေးချမ်းစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လုံခြုံရေးကို လေးပိုင်းခွဲခြားဆောင်ရွက် မည်ဖြစ်ပြီး စာစစ်ဌာနအသီးသီး၏ လုံခြုံရေးကိုလည်း စည်းသုံးစည်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်း စာမေးပွဲကာလအတွင်း ရဲအင်အား ၁၇၀၀ကျော်နှင့် လုံခြုံရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်း စာမေးပွဲကာလအတွင်း ကျန်းမာရေးအတွက် စာစစ်ဌာနများတွင် ဆေးအဖွဲ့တစ်ဖွဲ့စီထားရှိထားပြီး လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက်လည်း စီစဉ်ထားကြောင်း သိရသည်။(Xinhua)