Connect with us

Education & Health

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရေး စတင်ဆောင်ရွက်

ကယ်ဆယ်ရေးစခန်းရှိ ကလေးများအား မုန့်များဝေပေးခြင်းများပြုလုပ်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ ရေး စတင်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ ဘဝကနဦး ပထမရက်ပေါင်း ၁ဝဝဝ အတွင်း အာဟာရ ပြည့်ဝစွာစားသုံးခွင့်ရ၍ ကျန်းမာသန်စွမ်းသော လူသား အရင်းအမြစ်များအဖြစ် ရှင်သန်ကြီးပြင်းနိုင်စေရေး ရည်ရွယ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ကို အာဟာရ အခြေအနေ နိမ့်ပါးသောဒေသများဖြစ်သည့် အဆိုပါ ဒေသသုံးခုကို စတင်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ရှိ သဲချောင်းကျေးရွာ၊ ဇောပူဂျာကျေးရွာ၊ သက္ကေပြင် ကယ်ဆယ်ရေးစခန်းနှင့် အောင်မင်္ဂလာရပ်ကွက် တို့သို့ ကွင်းဆင်းပြီး ကျေးရွာများနှင့် ကယ်ဆယ်ရေးစခန်းရှိ ကလေးများအား မုန့်များဝေပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင် များနှင့် ရွာသူ ရွာသားများအား ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက် အပံ့ပေးမည့် အစီအစဉ်အကြောင်းကို ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.