Education & Health
ရန်ကုန် တက္ကသိုလ် အဆင့် မြှင့်တင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အောက်စဖို့ဒ် တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်တို့ဆွေးနွေး
ရန်ကုန် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်တက္ကသိုလ် အဆင့် မြှင့်တင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်မှ Pro-vice-Chancellor Professor Nick Rawlins တို့သည် ယနေ့ဇူလိုင်လ ၂၁ ရက်တွင် ပညာရေး ဝန်ကြီးဌာန၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ရေနှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား လေ့ကျင့် သင်တန်းပေးရေး၊ ရန်ကုန်မြို့ပြ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ သုတေသန ပူးပေါင်း ဆောင်ရွက်ရေး နှင့် အင်္ဂလိပ်စာ စွမ်းရည်မြှင့်တင်မှု သင်တန်းများ ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)