Connect with us

Education & Health

ကျောင်းသူများ၏ အရည်အသွေးများ တိုးတက် မြင့်မားရေးအတွက် ပညာရေး တက္ကသိုလ်များ၏ အခန်းကဏ္ဍသည် အဓိက အရေးပါ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများတွေ့ဆုံစဉ် (ဓာတ်ပုံ- ပညာရေးဝန်ကြီးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အမျိုးသား ပညာရေး ဥပဒေအရ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးကို ဦးတည်၍ အဆင့်ဆင့် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးများ တိုးတက် မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ ပြုစုပျိုးထောင် ပေးနေသည့် ပညာရေး တက္ကသိုလ်များ၏ အခန်းကဏ္ဍသည် အဓိက အရေးပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများတွေ့ဆုံ ပွဲတွင် ပြောကြားခဲ့သည်။

ဒေါက်တာမျိုးသိမ်းကြီးက “ဆရာ၊ ဆရာမများရဲ့ သင်ကြားသင်ယူမှု အရည်အသွေး ပြည့်ဝဖို့အတွက် အရေးကြီးတယ်။ ကျောင်းသား၊ ကျောင်းသူများ စာရိတ္တ ကောင်းမွန်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် မှန်ကန်ရေး၊ ကျောင်းသား ကျောင်းသူများ ကျောင်းစာသင်ခန်း အတွင်း အမှန်တကယ် စာတတ်မြောက်ရေးတွေကို ဆောင်ရွက်ရမှာ ဖြစ်တယ်’’ ဟုပြောသည်။
မူလတန်း ပညာရေးသည် အခြေခံအုတ်မြစ် ဖြစ်သဖြင့် အခြေခံပညာ ကျောင်းများအတွက် ဆရာ၊ ဆရာမများ ပြုစုပျိုးထောင်နေသည့် ပညာရေးတက္ကသိုလ်များ အနေဖြင့် အရည်အသွေးရှိသော ဆရာ၊ ဆရာမများ ပေါ်ထွက်လာစေရန် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ အဆင့်မြင့်ပညာ ရေးဖြစ်သည့် တက္ကသိုလ်များ၏ အသက်သွေးကြောသည် သုတေသန ဖြစ်ပါကြောင်း၊ သုတေသန ရလဒ်များ ဖွံ့ဖြိုးတိုးတက်၍ လက်တွေ့နယ်ပယ်နှင့် လိုက်လျောညီထွေဖြစ်သော သင်ရိုးညွှန်းတမ်း များဖြစ်လာစေရန် ဆောင်ရွက်ရမည် ဖြစ်သဖြင့် ဆရာ၊ ဆရာမများအားလုံး သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အချိန်ပြည့် သင်ကြားနိုင်ရန် အရေးကြီး ပါကြောင်း၊ တက္ကသိုလ်၏ သင်တန်းအစီအစဉ် တစ်ခုချင်းစီအလိုက် Self-Assessment Report (SAR) ပြုစုတင်ပြ၍ IQA လုပ်ငန်းကို ဆောင်ရွက်ရန်နှင့် အရည်အသွေး မြင့်မားသော အဆင့်မြင့် ပညာရေး ကဏ္ဍကို အကောင်အထည်ဖော်ရန် အရေးကြီးပါကြောင်း၊ အရည်အသွေး ပြည့်မီသော ဆရာ၊ ဆရာမများ ပြုစုပျိုးထောင်ရေးနှင့် ရန်ကုန်ပညာရေး တက္ကသိုလ်၏ ဖွံ့ဖြိုး တိုးတက်ရေး စီမံချက်များ ပြုစု၍ ဦးစားပေးအလိုက် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.