Education & Health
ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး နိုင်ငံတကာ ဆေးရုံကြီးများနှင့် ညှိနှိုင်းမည်
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာရှိ ဆေးရုံကြီးများ၊ ဆေး တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်ဆေးရုံကြီးကို စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ တကာ အဆင့်မီ ဆေးကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီး ဖြစ်စေရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာ အဆင့်မီ ဆေးကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီး ဖြစ်စေရေး အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ ပြုပြင်မွမ်းမံ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံ ပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်း တာဝန်များအဖြစ် လိုအပ်သည့် ဆပ်ကော်မတီများ တိုးချဲ့ ဖွဲ့စည်းရန်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် ပြင်ဆင်မွမ်းမံရေး လုပ်ငန်းများကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပ စေတနာရှင် အဖွဲ့အစည်းများ၏ အလှူငွေများဖြင့်လည်းကောင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)