Environment, Disasters & Accidents
ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်မြောက်ဘက် (၁၇) မိုင်ခန့် အကွာတွင် အင်အား ၄.၉ အဆင့် ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်မြောက်ဘက် (၁၇) မိုင်ခန့် အကွာ၊မြေပြင်အောက်အနက် (၈၂)ကီလိုမီတာခန့် ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက “အနက်က ၈၂ ကီလိုမီတာ ဆိုတော့ တော်တော်နက်တယ်။ အခုချိန်အထိ လည်း ကျွန်မတို့ဆီကို ပျက်ဆီးဆုံးရှုံးမှုစာရင်း တက်မလာသေးပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။
အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ (၂၄)ရက်၊ မြန်မာစံတော်ချိန် (၀၃)နာရီ (၀၂)မိနစ် (၁၈)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ (Xinhua)