Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အင်အားရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အင်အားရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၄၄)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် မိုင် (၅၀)ခန့်ကွာဝေးသော ( မိုးကောင်းမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင် (၂၀)ခန့်အကွာ မြောက်လတ္တီတွဒ် (၂၅.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၆၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ တာဝန်ရှိသူက “ဒီငလျင်ကိုမိုးကောင်းမြို့က ခံစားမိကြတယ်လို့ သိရပါတယ်။ ပျက်စီးဆုံးရှုံးမှုစာရင်းကအခုထိမတက်လာသေးပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)