Connect with us

Environment, Disasters & Accidents

ကလေးဝမြို့၏ အရှေ့မြောက်ဘက် (၄)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၏ အရှေ့မြောက်ဘက် (၄)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး အဆိုပါ ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှုမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယဦးစီးမှူးဦးမြတ်မင်းအောင်က ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

၎င်းငလျင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ ည ၁၁နာရီ ၁မိနစ် ၀၆စက္ကန့် အချိန်တွင်မြောက်လတ္တီတွဒ် (၂၃.၂၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၅) ဒီဂရီ၊ အနက် (၆၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ဖြင့် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ဦးမြတ်မင်းအောင်က “ငလျင်က အနက်ကလည်း ၆၁ ကီလိုမီတာ ဆိုတာ နက်တယ်လို့ ပြောလို့ရပါတယ်။ ပျက်ဆီးဆုံးရှုံးမှုမရှိပါဘူး’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.