Connect with us

Environment, Disasters & Accidents

ငလျင်ဒဏ်သင့် ပုဂံ စေတီပုထိုးများ ၂ နှစ်တာ ကာလအတွင်း စေတီပုထိုး ၃၂၅ ဆူ ပြုပြင် ထိန်းသိမ်းပြီးဖြစ်

ဒုတိယ သမ္မတ ဦးမြင့်ဆွေ နှင့် တာဝန်ရှိသူများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအား လိုက်လံ ကြည့်ရှုနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ စေတီပုထိုးများအနက် ငလျင်လှုပ်ပြီးချိန်မှ ယခုအချိန်အထိ (၂) နှစ်တာ ကာလအတွင်း စုစုပေါင်း စေတီပုထိုး ၃၂၅ ဆူကို ပြုပြင် ထိန်းသိမ်းပြီး ဖြစ်ကြောင်း ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ထိုအတူ လက်ရှိ လုပ်ငန်း ဆောင်ရွက်ဆဲ စေတီပုထိုး (၂၁)ဆူနှင့် ဆောင်ရွက်ရန်ကျန် စေတီပုထိုး (၄၃)ဆူသာ ရှိသည်ကို တွေ့ရကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ထိုကဲ့သို့ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွားလာနိုင်သည့် သဘာဝဘေး အန္တရာယ်များ အတွက်ပါ မျှော်မှန်းပြီး (၄)နှစ် စီမံကိန်းချမှတ်၍ နှစ်အလိုက် အဆင့်ဆင့် ကြိုတင်ကာကွယ် ထိန်းသိမ်းရေးများပါ ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း ၊ စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရာတွင် ရေရှည်ကြံ့ခိုင်စေရန် ရည်မှန်းပြီး အချိန်ယူကာ မူလပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းဆောင် ရွက်သွားရန် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အလေးအနက် ပြောကြားခဲ့သည်။

ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေးအတွက်ပါ ကိုက်ညီမှုများရှိစေရန် UNESCO အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ငလျင်ဒဏ်သင့် ဘုရားများ၏ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွားလာနိုင်သည့် သဘာဝဘေး အန္တရာယ် များ၏ အခြေအနေများကိုပါ ထည့်သွင်း စဉ်းစားပြီး ရှေးမူလက်ရာမပျက် ရေရှည် တည်တံ့ခိုင်မြဲစေရန် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန် ဒုတိယသမ္မတ ဦးမြင့်ဆွေက တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်တွင် အင်အား ရစ်(ချ်)တာစကေး ၆ ဒသမ ၈ အဆင့်ရှိသည့် မြေငလျင် လှုပ်ခတ် ခဲ့မှုကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုး၊ သာသနိက အဆောက်အဦ (၃၈၉)ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။

ရှေးဟောင်းစေတီပုထိုး များကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် UNESCO အဖွဲ့အစည်းအပါအဝင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ညှိနှိုင်း ဆွေးနွေးမှုအရ ပထမဦးစားပေး ပြုပြင် ထိန်းသိမ်းရန် စေတီပုထိုး (၃၆)ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် စေတီပုထိုး (၅၃)ဆူ၊ တတိယ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် စေတီပုထိုး (၇၆)ဆူနှင့် အသေးစား ပြုပြင်ရန် စေတီပုထိုး (၂၂၄)ဆူဆိုပြီး ခွဲခြားသတ်မှတ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်သင့်ပုဂံစေတီပုထိုးများအတွက် ပြည်တွင်း၊ ပြည်ပမှ သဒ္ဓါတရား ထက်သန်စွာ ဖြင့် အလှူငွေများ လှူဒါန်းခဲ့ကြရာ ၂၀၁၆ ငလျင် ဖြစ်ပွားခဲ့ချိန်မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ရက် အထိ ငွေကျပ် ၄၆,ဝ၅၉ သိန်း ၊ အမေရိကန်ဒေါ်လာ ၁၁ သိန်း၊ ထိုင်းဘတ် ၁ဝ,၈၂ဝ ၊ စင်္ကာပူဒေါ်လာ ၇,၂၅ဝ ၊ ဂျပန်ယန်း ၃ဝ,ဝဝဝ အပါအဝင် တရုတ်ယွမ်၊ မလေးရှား ရင်းဂစ်၊ ကိုရီးယားဝမ်၊ ဥရောပသုံးငွေ ယူရိုတို့ပါ လက်ခံရရှိ ထားပါကြောင်း သိရသည်။

ပျက်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများကို ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၇၁/၂၀၁၆) ဖြင့် “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ” ကို ဒုတိယသမ္မတ ဦးဆောင်၍ (၇)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.