Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ ၏ အနောက်တောင်ဘက် (၁၀)မိုင် ခန့်အကွာ တွင် အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအာတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ ၏ အနောက်တောင်ဘက် (၁၀)မိုင် ခန့်အကွာ တွင် အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ လက်ထောက်ညွှန်ကြားရေးမှှူး ဒေါက်တာယဉ်မျိုးမင်းထွေးက “ဒီငလျင်က အနက်တိမ်တော့ စစ်ကိုင်းပြတ်ရွေ့ကြောင့်လှုပ်တာ လို့ယူဆရပါတယ်။ လှုပ်တဲ့ဗဟိုချက်က လူနေတဲ့နေရာနဲ့ဝေးတော့ ငလျင်လှုပ်တာ ကို ခံစားသိရှိသူတော့ သိပ်မရှိဘူး’’ ဟု ဆင်ဟွာကိုပြောသည်။ 

အဆိုပါငလျင် သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၃၄)မိနစ်၊ (၁၇) စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၉)မိုင် ခန့်ကွာဝေးသော၊(ထီးချိုင့်မြို့၏ အနောက်တောင်ဘက် (၁၀)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၆၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄) ဒီဂရီတွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.