Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၏ အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ အင်အား (၄.ဝ)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၏ အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၉ ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၃၆)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် အဆိုပါငလျင်လှုပ်ရှားမှု ကို တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ ယခုလှုပ်ရှားခဲ့သည့် ငလျင်သည် ဇန်နဝါရီ လ ၂၀ ရက်နေ့ တွင် ဒုတိယအကြိမ်မြောက်လှုပ်ရှားခဲ့သည့် ငလျင်ဖြစ်သည်။ (Xinhua)