Connect with us

Environment, Disasters & Accidents

တနင်္သာရီတိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၊ နေအိမ်များရေလွတ်ရာသို့ပြောင်းရွှေ့ရ

တနသာင်္ရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်း မိုးရွာသွန်းမှုကြောင့် ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး ကီလိုမီတာ(၃၂၇.ဝ- ၃၂၇.၅)ကြား ချဉ်းကပ်လမ်း တစ်ဖက် ၁၅ ပေခန့်ပြိုကျပျက်စီးခဲ့၍ ယာဉ်ကြီး/ငယ်များ သွားလာ၍ မရကြောင်းနှင့် အောင်ဇင်မာချောင်းနဘေးရှိ နေအိမ်တဲ ၆၀ လုံး ရေလွှမ်းမိုးခဲ့သဖြင့် လူဦးရေ ၁၈၀ ဦး ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် ၀၅း၃၀ နာရီ အချိန်မှ ၁၅း၃၀ နာရီအချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကော့သောင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး မြစ်ရေ မြင့်တက်မှုကြောင့် အေးချမ်းသာကျေးရွာပါ ၂ ရွာမှ အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၂၈၀ ဦး(ကျား ၁၃၁၊ မ ၁၄၉)တို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိ ရပါသည်။

ထို့အတူ လောင်းလုံမြို့နယ်အတွင်း မိုးရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် လောင်းလုံ-ရေဖြူကားလမ်း ဆင်ပုနစ်ကျေးရွာနှင့် ကျောက်ထောက်ကျေးရွာကြား၌ အနက် ၃ ပေခန့် ရေကျော်လျက်ရှိသဖြင့် ယာဉ်များသွားလာ၍မရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.