Connect with us

Environment, Disasters & Accidents

ဖားကန့် မြို့နယ်၌ ကျောက်စိမ်း လုပ်ကွက် ကမ်းပါး ပြိုကျရာမှ ၁၃ ဦး သေဆုံး ၊ ၅ ဦး ပျောက်ဆုံးနေ

ဖားကန့် ဒေသ၌ ရေမဆေးကျောက် ရှာဖွေရေး လုပ်ကိုင်နေသူများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူ အုပ်စု ကရင်ချောင် ကျေးရွာ အနီး၌ ယနေ့နံနက် ၂ နာရီခန့်တွင် ကျောက်စိမ်း လုပ်ကွက် ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ရာ ကုမ္ပဏီ ဝန်ထမ်း နှင့် လုံခြုံရေး ရဲတပ်ဖွဲ့အပါအဝင် လက်ရှိအချိန်ထိ လူပေါင်း ၁၃ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ကမ်းပါး ပြိုကျမှုတွင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ ဝန်ထမ်း ၁၅ ဦး နှင့် လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ပါဝင်ခဲ့ပြီး ၎င်းရဲတပ်ဖွဲ့ဝင်များအနက် ၂ ဦးမှာ အသက်ရှင်လျက် လွတ်မြောက်ခဲ့ကြောင်း နှင့် ယခုအခါ ၎င်းတို့အား ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း သိရသည်။

“အခုက ရုပ်အလောင်း ၁၃လောင်း ရှာဖွေ တွေ့ရှိထားပါတယ်။ နောက်ထပ် လူ ၅ ယောက်ကတော့ ရှာမတွေ့သေးပါဘူး။ ရပ်နားထားတဲ့ ကုမ္ပဏီ လုပ်ကွက် ကမ်းပါး ပြိုကျတာပါ။ သူတို့က ကမ်းပါး ပြိုကျတဲ့ အထဲ ပါသွားတာတော့ မဟုတ်ဘူး။ ကမ်းပါး ပြိုကျရာက မြေစာတွေ ရေထဲကို ကျသွားတယ်။ အဲဒီ နွံ့ကန်ထဲမှာ ရှိတဲ့ ရေတွေက အပေါ်ကို လှိုင်းလုံးလို စင်တက်လာပြီး အပေါ်မှာ ရှိတဲ့ လုံခြုံရေးတွေနဲ့ဝန်ထမ်း အိမ်ယာတွေကို အဲဒီ လှိုင်းလုံးတွေက ရိုက်ခတ်မိပြီး ပါသွားကြတာပါ။ အဲဒီဖြစ်စဉ်မှာ ဝန်ထမ်း အဆောင် ၃ ဆောင် ပါသွားပါတယ်။”ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောသည်။

ယခုအချိန်တွင် ကမ်းပါး ပြိုကျမှုကြောင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ၊ အုပ်ချုပ်ရေးမှူး တို့နှင့် တာဝန်ရှိသူများက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရသည်။(Xinhua)