Environment, Disasters & Accidents
ဗိုလ်တထောင်မြို့နယ်တွင် လူနေတိုက်ခန်း နောက်ဖေးမီးဖိုချောင်ပြိုကျမှုဖြစ်ပွား
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
ဗိုလ်တထောင်မြို့နယ်၊ (၇)ရပ်ကွက်၊ (၄၁)လမ်း၊ အမှတ်(–)နေအိမ်တိုက်ခန်းရှိ နောက်ဖေးမီးဖိုချောင် ဇန်နဝါရီ ၃ ရက်နေ့တွင် ပြိုကျပျက်စီးခဲ့ကြောင်း လူထိခိုက်မှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
၎င်းလူနေတိုက်ခန်းမှာ ၁၉၀၅ ခုနှစ်က မြေရှင်ဘိုကလေးကုမ္ပဏီနှင့် City Shine ဆောက်လုပ် ရေးကုမ္ပဏီတို့ပူးပေါင်းဆောက်ထား သည့် အခန်းပေါင်း ၄၀ ပါ နှစ်ထပ်တိုက်ဖြစ်ကြောင်းသိရှိရပြီး မြို့နယ်
စည်ပင်သာယာမှ လူနေထိုင်ရန် မသင့်ဟုသတ်မှတ်ထားသောဟောင်းနွမ်းအဆောက်အအုံဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အဆိုပါတိုက်ခန်းတွင် မိသားစု (၆)ဦးနေထိုင်လျက်ရှိပြီး မီးဖိုချောင်ပြိုကျပျက်စီးခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု
မရှိကြောင်းသိရသည်။ (Xinhua)